မင်းလှမြို့နယ်တွင် လူငယ်များကို ပျိုးထောင်ပေးပါ စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

အထက်မင်းလှ ဖေဖော်ဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံ‌‌ရေးဦးစီးဌာန နှင့် စာပေချစ်မြတ်နိုးသူများ (Book club) အဖွဲ့တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် စာရေးဆရာ နတ်သျှင်(ရွှေဂူ)၏ လူငယ်များကို ပျိုးထောင်ပေးပါ စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စာပေ ဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားစေရန် စာပေဖတ်ရှုခြင်းဖြင့် အမှား/အမှန် ဝေဖန် ပိုင်းခြားနိုင်စေရန်၊ ပြည်သူများစာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် စာပေချစ်မြတ်နိုးသူများ(Book club) အဖွဲ့ဥက္ကဋ္ဌ စာရေးဆရာ ဦးတင်အောင်ဝင်း (ရဲသွေးနီ-တမာမြေ)၊ ဦးခင်မောင်မြင့် (တာတူးလေး)၊ ဦးဇင်မင်းထွန်း (လင်းကယ်-စင်ကြယ်)၊ ဦးမြင့်ဦး (ဉာဏ်ကြယ်လေး) တို့က စာရေးဆရာနတ်သျှင် (ရွှေဂူ)၏ လူငယ်များကို ပျိုးထောင်ပေးပါ စာအုပ်တွင် ပါရှိသော စာပေသိမှတ်ဖွယ်ရာများကို ဦးဆောင်ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာကြ သည့် ကျောင်းသား/ကျောင်းသူများက မိမိတို့သိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)