ကာမိုင်း ဖေဖော်ဝါရီ ၁၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ စည်ပင်သာယာဈေးရှေ့နှင့် ဈေးအတွင်း၌ ဈေးသို့လာရောက်သည့် ပြည်သူများနှင့် လမ်းမကြီးပေါ်တွင် သွားလာနေကြသော ပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇာပြောင်း အိုမီခရွန်ရောဂါကို ကြိုတင် ကာကွယ်သည့်အနေဖြင့် အသိပညာပေး ဆောင်ရွက်ခြင်းနှင့် Mask Campaign လှုပ်ရှားမှုဆောင်ရွက်ခြင်းကို ယနေ့နံနက် (၈)နာရီက ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်း ဆောင်ရွက်ရာတွင် ကာမိုင်းမြို့ အုပ်ချုပ်ရေးမှူးအဖွဲ့၊ ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီ အသင်းခွဲငယ်မှအဖွဲ့၀င်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သုဂတိမဂ္ဂ လူမှုကူညီရေးအသင်းတို့က ပြည်သူများအနေဖြင့် နှာခေါင်းစည်း (Mask)များ တပ်ဆင်ခြင်းမရှိဘဲ ဖြတ်သန်းသွားလာနေကြသော သူများအား နှာခေါင်းစည်း(Mask) အခု (၁၀၀၀)ခုကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လဆိုင်း