သတင်းများ

စုကလိမြို့ သေ့ဘောဘိုးကျေးရွာတွင် ဆောင်းအစေ့ထုတ်ပြောင်း ၁၀ ဧကအား ရေသွင်းရေဖျန်း စနစ်ဖြင့် အောင်မြင်ဖြစ်ထွန်း
Feb 14,2022
ကရင်ပြည်နယ် မြဝတီခရိုင်စုကလိမြို့ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အရည်အသွေးမြင့် စိုက်ပျိုးနည်းစနစ်များအား အသုံးပြု၍ ဒေသတွင်း စိုက်ပျိုးဧက တိုးချဲ့စိုက်ပျိုးနိုင်ရေးတို့ကို အလေးထား၍ ဆောင်ရွက်လျှက်ရှိရာ စုကလိမြို့ သေ့ဘောဘိုးကျေးရွာ တောင်သူဦးကျော့မူထော၏ ဆောင်းအစေ့ထုတ်ပြောင်း ၁၀ ဧကအား ရေသွင်းရေဖြန်းစနစ်ဖြင့် အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည်။
မုဒုံမြို့၌ ပန်းခင်းစီမံချက် လျာထားချက်ပြည့်မီအောင် ဆောင်ရွက်ပေးနိုင်ခဲ့
Feb 14,2022
နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေး၊ ဥပဒေအရကိုင်ဆောင်သင့်သည့် ကတ် အမျိုးမျိုးကို ထုတ်ပေးနိုင်ရေးအတွက် ပြည်သူလူထုအားလုံး၏ လက်ဝယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မုဒုံမြို့နယ် ဦးစီးမှူး ဦးအောင်မော်နှင့် ဝန်ထမ်းများမှ ရပ်ကွက်/​ကျေးရွာများအထိ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ လျာထားချက်ပြည့်မီအောင် ဆောင်ရွက် ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
လာချိဒ်လူမျိုးရိုးရာနှစ်သစ်ကူး (ဂျိတ်ကျော့) ပွဲတော်အား ဝိုင်းမော်မြို့၌ ပြုလုပ်ကျင်းပ
Feb 14,2022
လာချိဒ်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီမှ ဦးစီးပြီး နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကျင်းပလျက်ရှိသော လာချိဒ်လူမျိုး ရိုးရာနှစ်သစ်ကူး (ဂျိတ်ကျော့) ပွဲတော်အား ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာ အတွင်းရှိ လာချိဒ်ယဉ်ကျေးမှုမနော၀င်း၌ ဖေဖော်ရီ (၁၄) ရက်မှ (၁၅) ရက်နေ့ထိ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်၊ အလံချိန်ကျေးရွာအုပ်စုနေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံ
Feb 14,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက အလံချိန်ကျေးရွာအုပ်စု၊ အလံချိန်ကျေးရွာမှ အသက် ၁၈ နှစ်အထက်ရှိ ပြည်သူများကို ၎င်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ပဉ္စမအသုတ်(ဒုတိယအကြိမ်)အဖြစ် အဆိုပါရောဂါ ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်း ကိုဗစ် ၁၉ရောဂါကာကွယ်ဆေး COVISHIELD ဒုတိယအကြိမ်ဆက်လက်ထိုးနှံ
Feb 14,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအသီးသီးရှိ COVISHIELD ကိုဗစ်၁၉-ရောဂါကာကွယ်ဆေး ၁၃.၁.၂၀၂၂နေ့ ပထမအကြိမ်ထိုးနှံပြီးသူများကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က စလင်းမြို့နယ် ပြည်သူ့ဆေးရုံဝန်အတွင်းရှိ အစည်းအဝေးခန်းမဆောင်နှင့် စုရပ်အသီးသီးတို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံလျက်ရှိကြောင်း သိရသည်။
တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား တတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Feb 14,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား တတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က စတင်၍ တောင်သာ အ.ထ.က ကျောင်း နဝရတ်ခန်းမနှင့် စုရပ်(၃) နေရာအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြည်သူများအား သတ္တမအသုတ်၊ ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covaxin ထိုးနှံပေး
Feb 14,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြည်သူများအား သတ္တမအသုတ်၊ ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covaxin ထိုးနှံပေးခြင်းကို ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၉ နာရီ အချိန် သတ်မှတ်စုရပ်နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကဝမြို့နယ် ကျေးရွာများအတွင်း ကိုဗစ်-၁၉ ဗီဇ‌ပြောင်း အိုမီခရွန် ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Feb 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ဇွဲကိုက်ကျေးရွာနှင့် ခနာကျေးရွာများအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ပိုင်းက ဇွဲကိုက်ကျေးရွာနှင့် ခနာကျေးရွာအတွင်းရှိ လမ်းဆုံ လမ်းခွ နေရာများတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် လိုက်လံ နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။