သတင်းများ

မံစီမြို့နယ်တွင် သက်ငယ်မုဒိမ်းမှုဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်
Feb 14,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်း၍ သက်ငယ်မုဒိမ်းမှုဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ဗဟန်းမြို့နယ်၌ လူမှု​ရေးရာအသိပညာပေးသင်တန်းဖွင့်လှစ်
Feb 14,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရန်ကုန် အနောက်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းရုံးမှကြီးမှူးကျင်းပသော၊ လူမှု​ရေးရာအသိပညာ​ပေး သင်တန်းကိုယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (ဗဟန်း) Community Centre ၌ကျင်းပသည်။
တောင်တွင်းကြီးမြို့၌ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ကာယစွမ်းရည်ပြိုင်ပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Feb 14,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးဆောင်ကြီးမှူး၍ မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် ကာယစွမ်းရည်ပြိုင်ပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက တောင်တွင်းကြီးမြို့၊ တရုတ်ကောစံပြ မူလတန်းကြို ကျောင်းတွင် ကျင်းပပြုလုပ် ခဲ့သည်။
ဝေါမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး ပြည်သူများ အသိပေးနှိုးဆော်
Feb 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် ပြည်သူ များသိရှိစေရန် အသိပညာပေးနှိုးဆော်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများက ရပ်ကွက်များရှိ လူစည်ကားရာ နေရာများတွင် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်
Feb 14,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများကို အပတ်စဉ်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
လသာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်​ရေး အသိပညာ​ပေး Mask Campaign ​ပြုလုပ်
Feb 14,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင်မြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ တာ၀န်ရှိသူများပါ၀င်​သော ပူးပေါင်းအဖွဲ့သည် ယ​နေ့နံနက် (၈)နာရီခွဲအချိန်က ကိုဗစ်-၁၉ ​ရောဂါတားဆီးကာကွယ်​ရေး အသိပညာ​​ပေး Mask Campaign​ ပြုလုပ်ခဲ့​ကြောင်းသိရသည်။
ဒေါပုံမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ပထမအကြိမ်ထိုးနှံ
Feb 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ လျော့နည်း ပပျောက်ရေးအတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး (၆)လ ပြည့်ပြီးသော ဝန်ထမ်းများအား ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ကို ယနေ့နံနက် ၉နာရီ အချိန်က လမုတန်းရပ်ကွက်ရှိ အ.ထ.က (၁)ကျောင်းခန်းမ တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရာသီပေါ် သီးနှံစာ မရမ်းသီး ဈေးကောင်း
Feb 14,2022
ရာသီပေါ် သီးနှံတစ်မျိုးဖြစ်သည့် မရမ်းသီးသည် တစ်ပိသာဈေး အသီးအရွယ် အမျိုးအစားအလိုက် တစ်ပိသာကျပ် ခြောက်ထောင်မှ ကျပ်ခုနှစ်ထောင်အထိ ရောင်းချနေရကြောင်း သိရှိရပါသည်။