သတင်းများ

ဂန့်ဂေါမြို့တွင် ဝန်ထမ်းများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်
Feb 16,2022
ဝန်ထမ်းများအနေဖြင့် စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာဖတ်ခြင်းဖြင့် လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုရှိစေပြီး လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရေးရည်ရွယ်၍ ဌာနတွင်းဝန်ထမ်းများ စာဖတ်ရှိန် မြှင့်တင်ရေးစာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ဂန့်ဂေါခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ် ရေပေးရေးလုပ်ငန်းနှင့် ကျေးလက်ကုန်ထုတ်လမ်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှု
Feb 16,2022
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော ရေပေးရေး လုပ်ငန်းများနှင့် ထက်မြက်သစ္စာကုမ္ပဏီမှ အကောင်အထည်ဖော် ဆောင်ရွက်‌နေသော ကြိုးကြာကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းလုပ်ငန်းအား ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့်   ပင်လယ်ကျွန်းကျေးရွာများအထိ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ
Feb 16,2022
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကို  ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုလုပ်ငန်းစည်းကမ်းချက်များနှင့်အညီ  စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျှက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ် ပင်လယ်ကျွန်းကျေးရွာတစ်ရွာဖြစ်သည့် ခရူကျွန်း၊ ရွာသာယာကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
လသာမြို့နယ်တွင် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ​ပေး
Feb 16,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ဗိုလ်ချုပ်အောင်ဆန်း လမ်းမ​ပေါ်ရှိ အ.ထ.က(၂) လသာ ကျောင်း၀င်းအတွင်း၌ အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ကော့သောင်းမြို့တွင် RTDဖြင့် မိုဘိုင်းစစ်ဆေးကာ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုထိန်းချုပ်ရေး လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်
Feb 16,2022
ကော့သောင်းမြို့တွင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ RTDဖြင့် မိုဘိုင်းစစ်ဆေးကာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်းတစ်လျှောက် ပါးစပ်နှာခေါင်းစည်း မတပ်ဆင်ဘဲ လမ်းထွက်သွားလာနေကြသည့် မြို့နေပြည်သူများအား ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်းသိရသည်။
စမ်းချောင်းမြို့နယ်၌  ပြည်သူများအား အိုမီခရွန် ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း ( Mask)များ အခမဲ့ ဖြန့်ဝေခြင်း​ဆောင်ရွက်
Feb 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ စမ်း ချောင်း မြို့နယ်၌လတ်တလောတွင် အိုမီခရွန်ရောဂါ အတည်ပြုလူနာများ ပြန်လည်တွေ့ရှိ များပြားလာသဖြင့်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၀၈း၀ဝ နာရီအချိန်က စမ်းချောင်းမြို့နယ် ကျွန်း​တော မြောက်ရပ်ကွက် ရှမ်းလမ်းစျေးအတွင်း လူစည်ကား​ရာ​နေရာများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲနှင့် စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့တို့မှ ဦးဆောင်၍ဒေသခံ  ပြည်သူများအား အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးလိုက်နာကြရန်နှင့် နှာခေါင်းစည်း (Mask) များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဟားခါးခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ကလေးများ ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်
Feb 16,2022
ချင်းပြည်နယ်၊ ဟားခါးခရိုင် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ယမန်နေ့ ရက်နေ့ မွန်းတည့် ၁၂ နာရီက ကလေးများ ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်သည်။
ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  စာဖတ်ဝိုင်း ကျင်းပပြုလုပ်
Feb 16,2022
ကရင်ပြည်နယ်၊  ဖာပွန်ခရိုင်၊  ကမမောင်းမြို့တွင်  ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ မောင်မင်းစိုးရေးသားထားသော လူငယ်နဲ့ အပြောင်းအလဲစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။