သတင်းများ

မိုင်းရယ်မြို့နယ် ကိုဗစ်-၁၉ အသိပညာပေးဆော်ဩမှုများ စဉ်ဆက်မပြတ်ပြုလုပ်
Feb 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှုများကို ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးအတွက် ပြည်သူများအား အသိပညာ ပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ Hand Speaker ဖြင့်မြို့ပေါ်ရပ်ကွက်များနှင့် နားလီကျေးရွာ အတွင်း ဆော်ဩမှု ပြုလုပ်သည်။
ဝက်လက်မြို့၌ တပို့တွဲလပြည့်နေ့တွင် ဌာနဆိုင်ရာများ စုပေါင်းကာ ထမနဲထိုးပြိုင်ပွဲ ကျင်းပပြုလုပ်
Feb 15,2022
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့တွင် ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က နှစ်စဉ်ကျင်းပမြဲဖြစ်သော ဌာနဆိုင်ရာများ စုပေါင်းကာ ထမနဲထိုး ပြိုင်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှေ့လမ်းဘေးတွင် ကျင်းပ ပြုလုပ်ကြောင်း သိရသည်။
ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် New Media ဆိုင်ရာ သင်တန်းဖွင့်လှစ်
Feb 15,2022
ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် New Media သင်တန်းကို ယနေ့ မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး လိုက်လံဟောပြော
Feb 15,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ရောဂါဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် ရပ်ကွက်များအတွင်း လိုက်လံ ဆော်ဩခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ဟင်္သာတမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကြိုတင်ပြင်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Feb 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ယနေ့နံနက် ၈ နာရီအချိန်က စတင်၍ ဥယျာဉ်မြောက်ရပ်ကွက် ပဒေသာစျေးကြီးနှင့် မန်းဘခိုင် လမ်းတစ်လျောက် လူစည်ကားရာ နေရာများနှင့်မြို့ပေါ် ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။
ရန်ကင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် ကိုဗစ်-၁၉ ကာကွယ်ဆေး (Covid Shield) ဒုတိယအကြိမ် ဆက်လက်ထိုးနှံ
Feb 15,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ဒုတိယအကြိမ် (Covid Shield) ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားလမ်း ရှိမိုးကောင်းဆု တောင်းပြည့် စေတီတော်ဝန်း အတွင်းရှိ သာသနာဗိမာန် တော်ကြီးတွင်ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေး ထိုးနှံဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ကာကွယ်ရန် မြန်မာ၊ ရှမ်း၊ လားဟူဘာသာစကားဖြင့် အသိပညာပေး လှည့်လည်နှိုးဆော်
Feb 15,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက် ၇ နာရီက မြို့ပေါ်ရပ်ကွက်အတွင်း မြန်မာ၊ ရှမ်း၊ လားဟူဘာသာစကားဖြင့် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့ကျက်သရေဆောင် တဝရွှေဂူကြီး စေတီတော်မြတ် ရွှေထီးတော်၊ စိန်ဖူးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားကျင်းပ
Feb 15,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြိုနယ် အမှတ်(၁) ရပ်ကွက်အတွင်းရှိ မြို့ကျက်သရေ ဆောင်တဝရွှေဂူကြီး စေတီတော်မြတ်ကြီး ရွှေထီးတော်၊ စိန်ဖူးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီလ(၁၅)ရက်နေ့၊ (တပို့တွဲလပြည့်နေ့) နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။