သတင်းများ

ကာမိုင်းမြို့၌ (၁၂)ကြိမ်မြောက်ဆွမ်းဆန်တော်ကပ်လှူရေစက်ချ အလှူမင်္ဂလာအခမ်းအနားကျင်းပ
Feb 16,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ရှိထွယ်ဆန်ယန်ရပ်ကွက်ပရိယတ္တိစာသင်တိုက်တွင် (၁၂)ကြိမ်မြောက် ဆွမ်းဆန်တော်ကပ်ရေစက်ချ အလှူမင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီခန့်က ကျင်းပခဲ့သည်။
ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး(Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်
Feb 16,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး အကြောင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။
မဘိမ်းမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက် 
Feb 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ 
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပြီးသူ (၂၀၀၃၉၇)ဦး ထိုးပြီးဖြစ်
Feb 16,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးရန်ကျန်ရှိနေသည့် ပြည်သူများအား ဆက်လက်ထိုးပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီခွဲအချိန်တွင် ကာကွယ်ဆေး ထိုးပြီးသူ(၂၀၀၃၉၇)ဦး ထိုးပြီးကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကြို တင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။
လမိုင်းမြို့တွင် တပို့တွဲလပြည့်နေ့ မွန်ရိုးရာဓလေ့ဆီးမီးလှည့်လည်ပူဇော်ပွဲကျင်းပ
Feb 16,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့တွင် တပို့တွဲလပြည့်နေ့ မွန်ရိုးရာဓလေ့ ဆီးမီးလှည့်လည် ပူဇော်ပွဲကို ယမန်နေ့ ညနေ ၅နာရီက လမိုင်းမြိုအတွင်း လှည့်လည်ခဲ့ကြသည်။
မိုင်းပန်မြို့နယ်၊ ပိန်းလုံကျေးရွာတွင် ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းအဆင့်မှ အခြေခံပညာ မူလတန်းကျောင်း (ခွဲ) အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ပွဲကျင်းပ
Feb 16,2022
​ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ဆားဝါးကျေးရွာအုပ်စု၊ ပိန်းလုံကျေးရွာတွင် ယမန်နေ့နံနက် (၉) နာရီအချိန်က ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်း အဆင့်မှ အခြေခံပညာမူလတန်းကျောင်း (ခွဲ) အဆင့်သို့ တိုးမြှင့် ဖွင့်လှစ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်၌  မြို့နယ်အုပ်ချုပ်​ရေးမှူးဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ
Feb 16,2022
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အုပ်ချုပ်​ရေးမှူးဖလား အသက်(၂၅) နှစ်​အောက် အမျိုးသားဖူဆယ်​ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယ​မန်နေ့ ည​နေ ၄ နာရီက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
မိုးမိတ်မြို့နယ် ဆုတောင်းပြည့်မြတ်စွာဘုရားတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Feb 16,2022
နှစ်စဉ် ကျင်းပမြဲဖြစ်သော တပို့တွဲလပြည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ယမန်နေ့ ညနေပိုင်းက မြောက်ပိုင်းရပ်ကွက် ဆုတောင်းပြည့် မြတ်စွာဘုရားစေတီတော်မြတ်ကြီးတွင် ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။