ပန်းတောင်း ဖေဖော်ဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော ရေပေးရေး လုပ်ငန်းများနှင့် ထက်မြက်သစ္စာကုမ္ပဏီမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော ကြိုးကြာကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းလုပ်ငန်းအား ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဟန်မြင့်ထွန်း မြို့နယ်ဦးစီးမှူး ဦးထွန်းသန်းဇော်နှင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)