မူလတန်းအဆင့်ကျောင်းသားကျောင်းသူများ၏ အားကစားပြိုင်ပွဲများကျင်းပ
Feb 16,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Cerntre တွင် မူလတန်းအဆင့် ကျောင်းသားကျောင်းသူလေးများ၏ ပူဖောင်းညှပ်ကစားနည်း၊ အိတ်စွပ်အပြေးပြိုင်ပွဲနှင့်စာအုပ်ရွက်ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ ၂ နာရီက ကျင်းပရာ မြို့နယ်ပြန်ဆက်ဦးစီးမှူးနှင့် အ.မ.က တာကြီးတန်း ကျောင်းအုပ်ဆရာမကြီးတို့က ဆုရကျောင်းသားကျောင်းသူလေးများအား ဆုများပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သိရသည်။