သတင်းများ

ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်(Omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ဆောင်ရွက်
Feb 16,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များ ကို ယနေ့ နံနက်ပိုင်းက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်ခြင်းလုပ်ငန်း များ ဆောင်ရွက်ခဲ့ကြသည်။
သာယာဝတီမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဝန်ထမ်းများနှင့် စာဖတ်ဝိုင်း ပြုလုပ်
Feb 16,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျဖြစ်စေပြီး မှန်ကန်ထိရောက်မြန်ဆန်စေရန် ရုံးလုပ်ငန်းလက်စွဲဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
(၇၅)ကြိမ်မြောက် စိန်ရတုပရိယတ္တိ စာပြန်ပွဲတော်နှင့် ဓမ္မစကြာရွတ်ဆိုပူဇော်ပွဲ ဓမ္မပူဇာ၊ ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ
Feb 16,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် သာသနာ့ဝေပုလ္လအသင်းကြီး၏ (၇၅)ကြိမ်မြောက် ပရိယတ္တိစာပြန်ပွဲတော်နှင့် ဓမ္မစကြာ ရွတ်ဆို ပူဇော်ပွဲ၊ ဓမ္မပူဇာ ဆက်လက်လှူဒါန်းပွဲ လှူဖွယ်ဝတ္ထု အစုစုတို့အတွက် ရေစက်သွန်းချ အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နေ့လည် (၁)နာရီအချိန်က ကော့ဝန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
စလင်းမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား သက်တမ်းလွန်ဆေးဝါးနှင့် လိုင်စင်မဲ့ရောင်းချခြင်း ရှိမရှိကွင်းဆင်းစစ်ဆေး
Feb 16,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင်း ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား မကွေးတိုင်း ဒေသကြီး၊ ကျန်းမာရေးဦးစီးဌာန FDAတိုင်းဆေးဝါးနှင့် ဆေးဘက်ကျွမ်းကျင် ဒေါ်အေးချမ်းမေ၊ Pharmacistနှင့်အဖွဲ့သည် ယမန်နေ့နေ့လည် ၁ နာရီ ၃၀နစ် အချိန်က ဆေးဆိုင်များအား သက်တမ်းလွန်ဆေးဝါးနှင့် လိုင်စင်မဲ့ဆေးဆိုင် မရှိစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Feb 16,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ “အိုမီခရွန်”ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တနိုင်တပိုင် ငှက်ပျောစိုက်ပျိုးခြင်းမှ ပုံမှန်ဝင်ငွေရနေ
Feb 16,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ဒေသခံအများစုအနေဖြင့် လယ်ယာစိုက်ပျိုးခြင်းကိုသာ အဓိကထားလုပ်ကိုင်ကြသော်လည်း  ဥယျာဉ်ခြံစိုက်ပျိုးခြင်းနှင့် မွေးမြူရေး လုပ်ငန်းများကို တနိုင်တပိုင်မှ စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လာကြသူများလည်း ရှိလာကြပြီ ဖြစ်သည်။
တောင်တွင်းကြီးမြို့တွင် မြန်မာ့ရိုးရာထမနဲ ထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Feb 16,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင်နှစ်စဉ် အစဉ်အလာမပျက် ကျင်းပမြဲဖြစ်‌သော ရှေးဟောင်းသမိုင်းဝင် အောင်မြင်ဇေယျရခိုင်စေတီတော်မြတ်ကြီး၏ (၉) ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယမန်‌နေ့ညနေ(၃)နာရီက အဆိုပါဘုရားပရဝုဏ်အတွင်း၌ အိုးစည်ဒိုးပတ် အတီးအမှုတ် အကအခုန်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ကြောင်း သိရသည်။
ပခုက္ကူမြို့၌ ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများစု‌ပေါင်း၍ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း
Feb 16,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်နှင့် မြို့နယ်ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများစုပေါင်း၍ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပခုက္ကူမြို့၊ ရွှေမုဋ္ဌောဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။