သတင်းများ

ထားဝယ်မြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု သင်တန်းဆင်းပွဲကျင်းပ
Feb 15,2022
ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထားဝယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှကြီးမှူး၍ အသက်မွေးကြောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု သင်တန်း ဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ကျောက်ရပ်ကျေးရွာ၊ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့တွင် ကျန်းမာရေးဌာနမှ ဝန်ထမ်းမိသားစုဝင်များအား ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံ
Feb 15,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကျန်းမာရေးဌာနမှ ဝန်ထမ်းမိသားစုဝင်များအား ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီး၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၁၅ )ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲလှူဒါန်းပွဲနှင့် ထမနဲ ဆွမ်းတော်ကြီးဆက်ကပ်
Feb 15,2022
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှကြီးမှူး၍ ရွှေတိဂုံစေတီတော်၊ (၁၅)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲလှူဒါန်းခြင်း၊ ဆွမ်းတော်ကြီး ဆက်ကပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၅ နာရီခွဲတွင် ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များ၊ စည်းကမ်းချက်များ နှင့်အညီ ကျင်းပခဲ့ရာ စေတီတော်ကြီး ၏ ကုသိုလ်တော်ကိစ္စအဝဝ၊ တာဝန်များကို ဆောင်ရွက်နေကြသော ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများတက်ရောက် ခဲ့ကြ သည်။
ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး  နှိုးဆော်ခြင်းများ ဆောင်ရွက်
Feb 15,2022
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက် ၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာစိန်လင်း၏"ခေါင်းဆောင်မှုအနုပညာ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Feb 15,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလူထု အခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့မွန်းလွဲ (၁)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းနှင့်ပူးပေါင်း၍ စာရေးဆရာ စိန်လင်း၏" ခေါင်းဆောင်မှု အနုပညာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်(omicron)ရောဂါ ကြိုတင်ကာကွယ်ရေး ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှုပြု လုပ်
Feb 15,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် (omicron)ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး ပါးစပ်နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှု ပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့မဈေးကြီးအနီး နာရီစင်ရှေ့ လမ်းဆုံနှင့် အမှတ် (၄)ရပ်ကွက် တောင်ပေါ်ကျောင်းလမ်းဆုံတို့တွင် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ကျောက်ဆည်မြို့ပတ္တာကျေးရွာတွင် ကိုဗစ်-၁၉ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါပိုး ကူးစက်မှုမရှိစေရေး အသံချဲ့စက်ဖြင့် အသိပညာပေး
Feb 15,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုမရှိစေရေးနှင့် မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးကူးစက်မှု မရှိစေရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ယနေ့ မွန်းလွဲ(၁)နာရီက ပတ္တာကျေးရွာတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းက အသံချဲ့စက်ဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Feb 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြိုနယ်တွင် အသက် ၁၈ နှစ်အထက် ပြည်သူများအား သတ်မှတ်စုရပ်အသီးသီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ‌နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့အထိ ကျောက်မဲမြို့နယ်အတွင်း ကာကွယ်ဆေး ထိုးနှံပြီးသူ ပေါင်း ၅၆၃၈၀ ဦးရှိပြီဖြစ်ကြောင်းသိရသည်။