သတင်းများ

သဲကုန်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား Sputnik Light Vaccine (Booster Dose) အပိုဆောင်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ​ပေးလျက်ရှိ
Feb 16,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါလျော့နည်းပပျောက်ရေးနှင့် အိုမီခရွန်​ ရောဂါကြိုတင်ကာကွယ်​နိုင်ရေးအတွက်​ နိုင်ငံဝန်ထမ်းများကို Suptnlk Light Vaccine ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆက်လက်ထိုးနှံ​ပေး လျက်ရှိပါသည်။
မြန်မာ့လက်ရွေးစင် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး ရိုးရာခြင်းလုံးပြိုင်ပွဲကျင်းပ
Feb 16,2022
မြန်မာ့အားကစား အဆင့်အတန်းမြင့်မားစေရေးနှင့် လက်ရွေးစင် အားကစားသမားကောင်းများစွာ ပေါ်ထွက်လာစေရေး တို့အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ်ရိုးရာ ခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်၊ ပြည်နယ်အားကစားခန်းမတွင် ကျင်းပသည်။
သင်္ဃန်းကျွန်း မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိ
Feb 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူနှင့် အသစ်လဲလှယ်သူ(၂၉)ဦး၊ မိတ္တူ(၈)ဦး၊ စုစုပေါင်း(၃၇)ဦးတို့အား ယနေ့ နံနက် ၈ နာရီ မှ မွန်းလွဲ ၃ နာရီ အချိန်အထိ အောင်ဆုပန်ရပ်ကွက် ဓမ္မာရုံတွင် ပြည်သူများအား ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ပလောက်မြို့တွင် အသက် (၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Feb 16,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ပလောက်ဆေးတပ်ဖွဲ့မှ ဝန်ထမ်းများက ဖေဖော်ဝါရီလ၁၆ရက်နေ့၊ နံနက်(၉)နာရီ အချိန်ခန့်တွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေသီလာရတနာခန်းမ၌ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့တွင်  မြို့နယ်သံဃနာယကအဖွဲ့၏ (၂၅)ရာခိုင်နှုန်းအနားယူခြင်း အစားထိုးရွေးချယ်ခြင်း ပြုလုပ်
Feb 16,2022
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့တွင်  မြို့နယ်သံဃနာယကအဖွဲ့၏ (၂၅) ရာခိုင်နှုန်း အနားယူခြင်း အစားထိုးရွေးချယ်ခြင်း အခမ်းအနားကိုယမန်နေ့ နေ့လည်  ၁ နာရီအချိန် အမှတ် (၃) ရပ်ကွက် သရက်တောကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုး‌ဆော်ချက်များအား ဆက်လက်နှိုးဆော်
Feb 16,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယ‌မန်နေ့ မွန်းလွှဲပိုင်းက မြို့ပေါ်၊ ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်း၍ ကရင်/ မြန်မာ နှစ်ဘာသာဖြင့် လိုက်လံနှိုးဆော် ပေးလျက်ရှိ‌ကြောင်း သိရသည်။
ပြင်စလူမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Feb 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်(၈)နာရီအချိန်ကပြင်စလူမြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်များအတွင်း Sound Box စက်ဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း သိရသည်။
နမ္မတူမြို့နယ်တွင် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၈ ဦးအား ပထမအကြိမ် Sinovac အမျိုးအစား ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေး
Feb 16,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၈ဦးအား ပထမအကြိမ် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။