ဟားခါးခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ကလေးများ ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်

ဟားခါး    ဖေဖော်ဝါရီ     ၁

ချင်းပြည်နယ်၊ ဟားခါးခရိုင် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ယမန်နေ့ ရက်နေ့ မွန်းတည့် ၁၂ နာရီက ကလေးများ ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်သည်။

ဆေးရောင်ခြယ်ပြိုင်ပွဲကို ကလေးများအနေဖြင့် စာကြည့်တိုက်သည် လွတ်လပ်စွာ ဝင်ထွက်သွားလာလို့ရသည့်နေရာဖြစ်ပြီး ပျော်ရွှင်စွာ ဆော့ကစားလို့ရသည့်နေဖြစ်ကြောင်း လက်ခံလာစေရန် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

မောင်တက်လမ်း