ရန်ကုန် ဖေဖော်ဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်း ချောင်း မြို့နယ်၌လတ်တလောတွင် အိုမီခရွန်ရောဂါ အတည်ပြုလူနာများ ပြန်လည်တွေ့ရှိ များပြားလာသဖြင့်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၀၈း၀ဝ နာရီအချိန်က စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ်ကွက် ရှမ်းလမ်းစျေးအတွင်း လူစည်ကားရာနေရာများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲနှင့် စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့တို့မှ ဦးဆောင်၍ဒေသခံ ပြည်သူများအား အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးလိုက်နာကြရန်နှင့် နှာခေါင်းစည်း (Mask) များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများ ဦးဆောင်၍ မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ ကြက်ခြေနီအဖွဲများ၊ ပရဟိတအဖွဲ့များနှင့် တာဝန်ရှိသူများမှ မြို့နယ်အတွင်း လူစည်ကားရာနေရာများ ဖြစ်သည့်စျေးများ၊ လမ်းဆုံလမ်းခွများ၊ ကားဂိတ်များ၊ စာသင်ကျောင်းရှေ့တို့တွင် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ဆောင်ရန်နှင့်ရှောင်ရန်အချက်များအား ပြည်သူများ သိရှိလိုက်နာစေရန် အသိ ပေးကြေငြာခြင်းအပြင်၊ မဖြစ်မနေ ပါးစပ်နှင့် နှာခေါင်းစည်း Mask တပ်ဆင်ရေးအတွက် ( Mask - ၁၅၀၀) ကိုပြည်သူတို့၏လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နီလာစိုး(ပြန်/ဆက်)