ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့်   ပင်လယ်ကျွန်းကျေးရွာများအထိ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ

ကော့သောင်း ဖေဖေါ်ဝါရီ ၁၆

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကို  ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုလုပ်ငန်းစည်းကမ်းချက်များနှင့်အညီ  စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျှက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ် ပင်လယ်ကျွန်းကျေးရွာတစ်ရွာဖြစ်သည့် ခရူကျွန်း၊ ရွာသာယာကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

လက်ရှိ ကူးစက်ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်အကြံပြုချက်များနှင့်အညီ ကော့သောင်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်(၁၀)ပြည့်ပြီးမိသားစုဝင်များ၊ နှင့်အသက်(၁၈)နှစ်ပြည့်ပြီးသူများ၊ အကြောင်းအကြောင်းကြောင့် နိုင်ငံသားကတ်ပြား ပျောက်ဆုံးပျက်စီးသူများ၊  နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ရန်ကျန်ရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား ပန်းခင်းစီမံချက်ဖြင့် (၁၈) လကြာ အချိန်ယူကာ ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့ဆောင်ရွက်မှုအဖြစ် ကျေးလက်ပြည်သူ(၁၁၂)ဦးကို နိုင်ငံသားကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ကျော်စိုး (ကော့သောင်း)