ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်
Feb 17,2022
ရှမ်းပြည်နယ်တွင် နိုင်ငံတော်၏ စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန်နှင့် နိုင်ငံတွင်း လိုအပ်လျက်ရှိသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ကျောင်းပြင်ပရောက်ရှိနေသော ၁၆ နှစ် နှင့် ၁၈ နှစ်ကြား ကလေးများ၊ လူငယ်များအား ရှမ်းပြည်နယ် ကလေး အလုပ်သမားများပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီမှ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း (၁) လ သင်တန်းကို တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ ပုံဆွေပင်ကျေးရွာ၊ ပုံဆွေပင်ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီ အချိန်ခန့်က သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။