သတင်းများ

ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများ‌ ရေတာရှည်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ဆောင်ရွက်
Feb 17,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊‌ ရေတာရှည်မြို့နယ်အတွင်း ၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့နံနက်ပိုင်းက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ပုံပါကျင်မြို့၌ ကိုဗစ်-၁၉ မျိုးဗီဇကွဲ အိုမီခရွန်ရောဂါ ပြန့်ပွားမှုမရှိစေရေး မြန်မာ၊ ရှမ်း နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Feb 17,2022
ကိုဗစ်-၁၉ မျိုးဗီဇကွဲ အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ယနေ့ နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များ၌ ပြည်သူများ လိုက်နာရမည့်အချက်များအား မြန်မာ၊ ရှမ်း နှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
တမူးခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူ များအား ပျော်ရွှင်ဖွယ်ရာ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေး
Feb 17,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နေ့လယ်(၂)နာရီ အချိန်က မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား ပျော်ရွှင်ဖွယ်ရာ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်"ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ကရင်၊မြန်မာ နှစ်ဘာသာဖြင့် ဆောင်ရွက်
Feb 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်"ရောဂါ ကူးစက် ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများ ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်ဒုံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Feb 17,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့ က စာအုပ်စာပေ ချစ်မြတ်နိုးသူများ အသင်း(Book Club) မှ စာဖတ်ဝိုင်းကျင်းပသည်။
ကျောက်တံခါးမြို့နယ်၌ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၁/၂၀၂၂) ဖွင့်လှစ်ပို့ချ
Feb 17,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ကျောက်တံခါး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၁/၂၀၂၂) အား ယမန်နေ့က မြို့ချောင်း ကျေးရွာဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့သည်။
ဟိုင်းကြီးကျွန်းမြို့၌ စာပေဝါသနာရှင်များပူးပေါင်း၍ စာရေးဆရာ လူထုစိန်ဝင်း ရေးသားထားသည့် "ပန်းတိုင်က ဘာလဲနှင့်အခြားဆောင်းပါးများ "စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ကျင်းပ
Feb 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (BookClub)၊ လူငယ်အသင်း(YouthClub)တို့ ပူးပေါင်း၍ စာပေဝါသနာရှင်များ စာပေအသိအမြင် ဗဟုသုတများ ဆွေးနွေးဖလှယ်နိုင်စေရန်နှင့် စာတတ်သူတိုင်း စာဖတ် လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်(၁၀)နာရီ အချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန Community  Center ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Feb 17,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တော ခရိုင်ရုံးမှ ဝန်ထမ်း များက ပြည်ထောင် စုရာထူးဝန်အဖွဲ့ “ရုံးလုပ်ငန်းလက်စွဲ”စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ယမန်နေ့ ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန Community  Center ခန်းမ၌ ပြုလုပ်ခဲ့သည်။