ဒေးဒရဲမြို့ Community Centre ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Dec 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များ အသိပညာ တိုးပွားလာစေရန်၊ ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များပေါ်ထွက်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများနှင့် စုပေါင်းအားကစားပြိုင်ပွဲများအား အပတ်စဉ်ပြုလုပ်ပေးလျက်ရှိရာ ယနေ့ နေ့လည် ၁၂ နာရီအချိန်ကစတင်၍ ဆေးရောင်ခြယ် ပြိုင်ပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။