ကဝမြို့နယ်  မြို့မဈေးကြီးအတွင်း  မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်

ကဝ ဒီဇင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြို့မဈေးကြီးအတွင်း ပွင်းလင်းရာသီရောက်ရှိပြီဖြစ်သည့် အတွက်  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် (၉)နာရီ က ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ကျော်မိုး၊ ပဲခူးခရိုင် မီးသတ်ဦးစီးဌာနမှ  လက်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းသူဟန်၊    မြို့နယ်စည်ပင် အမှုဆောင် အရာရှိ ဒေါ်မာမာဦး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသူနှင့် ဝန်ထမ်းများ ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် မြို့မဈေးကြီးအတွင်း ရောင်းချနေသည့် ဈေးဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုများ၊ ဈေးပတ်ဝန်းကျင် မီးလောင်လွယ်သော အမှိုက်ကင်းစင်ရေး၊ သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲမှုမရှိစေရေး၊  မီးဘေး အန္တရာယ် စိုးရိမ်ရသော လုပ်ငန်းများအား အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)