မရမ်းကုန်း ဒီဇင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာနသည် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းနှင့် ချိတ်ဆက်ပြီး စာအုန်းဆီများကို တတိယအကြိမ်စျေးနှုန်းချိုသာစွာဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့မွန်းလွဲ ၁း၀၀နာရီ အချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် သမဝါယမ ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ် သမဝါယမ အသင်းစုများမှတဆင့် သမဝါယမအသင်းသားများနှင့် အများပြည်သူများသို့ စားအုန်းဆီစျေးနှုန်းချိုသာစွာ ရောင်းချ လျက်ရှိသည်။
အဆိုပါစားအုန်းဆီရောင်းချမှုတွင် မရမ်းကုန်းမြို့နယ်ရှိ သမဝါယမအသင်း(၇)သင်းမှ စားအုန်းဆီ (၅၅)ကျပ်သား တစ်ဘူးလျှင် ၂၄၀၀/-ကျပ်နှုန်းဖြင့် စုစုပေါင်း ပိသာချိန် (၇၇၀)အား ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး သတ်မှတ်စျေးနှုန်းများနှင့်အညီ ရောင်းချနေမှုများအား မြို့နယ် ဦးစီးအရာရှိဒေါ်အေးအေးနိုင်နှင့်အဖွဲ့များက လိုက်လံကြည့်ရှု ခဲ့ကြကြောင်း သိရသည်။