မန်တုံ ဒီဇင်ဘာလ ၈
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်ပြည်သူ့ဆေးရုံ၌ ယမန်နေ့ နံနက်(၉) နာရီအချိန်ကစတင်ကာ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား (SINOPHARM) ဒုတိယသုတ် (Second Dose)ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာန ဆိုင်ရာ များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအသင်းအဖွဲ့များက လို အပ်သည့်နေရာများတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများက စနစ် တကျ ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးမထိုးမ ဆေးလာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ စာရင်းဇယား မှတ်တမ်းရယူခြင်း များ ဆောင်ရွက်ခဲ့ပြီး၊ အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သူများ(၄)ဦး၊ ရွှေ့ပြောင်း လူအုပ်စုများနှင့် ယာယီစခန်းများ(၁)ဦး၊ စုစုပေါင်း (၅)ဦးအားထိုးနှံပေးခဲ့ကြပြီး ထိုးနှံပြီးသူများ အား မိနစ်(၃၀)ခန့်နားနေစေကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးထံမှ သိရ သည်။
မန်တုံမြို့နယ်ကို၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံပြန်ရေးကော်မတီအနေဖြင့်ဦးစားပေးအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံပေးလျက်ရှိရာ (SINOPHARM) ဒုတိယသုတ် (Second Dose)ကို၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့ထိ စေတနာ/ ပရဟိတ ဝန်ထမ်း(၁၈)ဦး၊ ဘုန်းကြီး/သီလရှင်ကျောင်းနှင့်သာသနာ့ဝန်ထမ်းများ(၂)ဦး၊ နိုင်ငံဝန်ထမ်း (၄၁)ဦး၊ ပုဂ္ဂလိကအလုပ်ရုံ/ စက်ရုံဝန်ထမ်းများ(၂၄)ဦး၊ ပုဂ္ဂလိကသယ်ယူပို့ ဆောင်ရေး လုပ်ငန်းများ(၁၅)ဦး၊ အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သူများ(၂၄၈)ဦး၊ လက်ဖက်ရည် ဆိုင်/စားသောက်ဆိုင်ဝန်ထမ်းများ (၈၈)ဦး၊ ရွှေ့ပြောင်း လူအုပ်စုများနှင့် ယာယီစခန်းများ (၁၄)ဦး၊ မှီခို(၁၉)၊ စုစုပေါင်း (၄၆၉)ဦးတို့ကိုထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများ အား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မန်တုံ (ပြန်/ဆက်)