သတင်းများ

အုတ်တွင်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဝါးအခြေခံဖျာချော ရက်လုပ်ခြင်း သင် တန်းအမှတ်စဉ် (၁/၂၀၂၂)ဆင်းပွဲ အခမ်းအနားကျင်းပ
Feb 17,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ (၂၀၂၁-၂၀၂၂)ခု(၆)လ ဘဏ္ဍာနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဝါးအခြေခံဖျာချော ရက်လုပ်ခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၂)ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က ဘုရားကလေး ကျေးရွာအုပ်စု၊ ခင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်၌ နွေစပါးစိုက်ပျိုးတောင်သူများအား သမန်းမွှေစက်သုံးကရိယာဖြင့် မောင်းနှင်သရုပ်ပြ
Feb 17,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းဆောင်ရွက်ရာ တွင် လျှင်မြန်လွယ်ကူသည့် လယ်ယာသုံး စက်ကရိယာအသုံးပြုနိုင်စေရေး အတွက်ရည်ရွယ်ကာ စက်မှုလယ်ယာ ဦးစီးဌာန၊
ဖားဆောင်းမြို့နယ် ​​မြို့​​​ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး မြန်မာ၊ ရှမ်း၊ ကယားသုံးဘာသာဖြင့် အသိပညာပေး နှိုးဆော်
Feb 17,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကိုဗစ်−၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈)နာရီ အချိန်က မြို့နယ်အ​ထွေ​ထွေ အုပ်ချုပ်​ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့်​ စေတနာ့ဝန်ထမ်းတို့က ပူးပေါင်း၍ မြို့​ပေါ် ရပ်ကွက်များတွင် မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့် ​ လိုက်လံနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့သည်။
မဘိမ်းမြို့နယ်တွင် ရွှေဝါမြေဘက်စုံသုံးခန်းမသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ
Feb 17,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ရွှေဝါမြေဘက်စုံသုံးခန်းမသစ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီအချိန်က လဝါကျေးရွာ၊ ရွှေဝါမြေဘက်စုံသုံး ခန်းမသစ်ရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင် (၈၇)ခုအား သက်တမ်းတိုးစနစ်ဖြင့် (၇၂)ခု ရောင်းချပေးခဲ့
Feb 17,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်(၈၇)ခုအား ယနေ့နံနက် ၁၀ နာရီက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ လေလံရောင်းချပေးခဲ့ရာ သက် တမ်းတိုး လေလံဆွဲဝယ်ယူလိုသော လုပ်ငန်းရှင်များက အရပ်ရပ်အခွင့်အရေး လိုင်စင်(၇၂)ခုကို သက်တမ်းတိုးစနစ်ဖြင့် ပြန်လည်ဝယ်ယူခဲ့ကြကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းထံမှ သိရသည်။
ကံမမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေး Mask Campaign ပြုလုပ်ဆောင်ရွက်
Feb 17,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုလျော့နည်းစေရေးအတွက် ပြည်သူများ နေအိမ်ပြင်ပထွက်လျှင် နှာခေါင်းစည်း (Mask)တပ်ဆင်သည့် အလေ့အထဖြစ်စေရန်ရည်ရွယ်ပြီး ယနေ့နံနက် ၈ နာရီက မြို့လယ်လူစည်ကားရာ နေရာများ၌ Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်လမ်း သုံးလမ်းတွင် တံတားတစ်စင်း၊ ရေကျော်သုံးခုနှင့် Box Culvert နှစ်စင်း တည်ဆောက်ခြင်းများ ဆောင်ရွက်လျက်ရှိ
Feb 17,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၁-၂၀၂၂ ခြောက်လ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း ၂၀၀ ကျော်ဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်လမ်း သုံးလမ်းတွင် တံတား တစ်စင်း၊ ရေကျော် သုံးခုနှင့် Box Culvert နှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
တမူးမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်ရောဂါပိုး စစ်ဆေးခြင်းများ နေ့စဉ်ဆောင်ရွက်လျက်ရှိ
Feb 17,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုများ လျော့နည်း ပပျောက်စေရန် ရည်ရွယ်၍ Covid-19 RDT Test Kit ဖြင့်ရောဂါ စစ်ဆေးခြင်းကို တမူးမြို့ ပြည်သူ့ဆေးရုံတွင် နေ့စဉ်အခမဲ့ စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။