မင်းလှ ဒီဇင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများ (ပထမအကြိမ်) ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီချိန်က စုရပ် (၈)နေရာတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဆေးထိုးစုရပ်ဖြစ်သော မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနရုံး၊ စစ်ကွင်းတိုက်နယ် ကျန်းမာရေး ဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲရှိသော စိန်ကန့်လန့်ကျေးရွာ၊ တော်ကမံကျေးရွာ၊ ရေကျော် ကျေးရွာ၊ ရွှေလောင်းကျေးရွာ၊ ဂန့်ဂေါပင်ကျေးရွာ၊ ရှားတောကွင်းကျေးရွာတို့တွင် ကျန်းမာရေးဝန်ထမ်း များနှင့် ထွေ/အုပ် စာရေးဝန်ထမ်းများပူးပေါင်းကာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့် အညီ နံနက် ၉ နာရီမှ နေ့လယ် ၂ နာရီခွဲအချိန်ထိ ကျန်ရှိနေသော ဒေသခံ ပြည်သူစုစုပေါင်း (၁၀၀၀)ဦးကျော်ခန့်အား (ပထမအကြိမ်) ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပေါက်စ မင်းလှ