သတင်းများ

တမူးခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူ များအား ပျော်ရွှင်ဖွယ်ရာ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေး
Feb 17,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နေ့လယ်(၂)နာရီ အချိန်က မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား ပျော်ရွှင်ဖွယ်ရာ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်"ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ကရင်၊မြန်မာ နှစ်ဘာသာဖြင့် ဆောင်ရွက်
Feb 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်"ရောဂါ ကူးစက် ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများ ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်ဒုံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Feb 17,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့ က စာအုပ်စာပေ ချစ်မြတ်နိုးသူများ အသင်း(Book Club) မှ စာဖတ်ဝိုင်းကျင်းပသည်။
ကျောက်တံခါးမြို့နယ်၌ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၁/၂၀၂၂) ဖွင့်လှစ်ပို့ချ
Feb 17,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ကျောက်တံခါး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၁/၂၀၂၂) အား ယမန်နေ့က မြို့ချောင်း ကျေးရွာဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့သည်။
ဟိုင်းကြီးကျွန်းမြို့၌ စာပေဝါသနာရှင်များပူးပေါင်း၍ စာရေးဆရာ လူထုစိန်ဝင်း ရေးသားထားသည့် "ပန်းတိုင်က ဘာလဲနှင့်အခြားဆောင်းပါးများ "စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ကျင်းပ
Feb 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (BookClub)၊ လူငယ်အသင်း(YouthClub)တို့ ပူးပေါင်း၍ စာပေဝါသနာရှင်များ စာပေအသိအမြင် ဗဟုသုတများ ဆွေးနွေးဖလှယ်နိုင်စေရန်နှင့် စာတတ်သူတိုင်း စာဖတ် လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်(၁၀)နာရီ အချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန Community  Center ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Feb 17,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တော ခရိုင်ရုံးမှ ဝန်ထမ်း များက ပြည်ထောင် စုရာထူးဝန်အဖွဲ့ “ရုံးလုပ်ငန်းလက်စွဲ”စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ယမန်နေ့ ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန Community  Center ခန်းမ၌ ပြုလုပ်ခဲ့သည်။
သံတွဲမြို့တွင် Mobile Library စနစ်ဖြင့်စာအုပ်စာစောင်များငှားရမ်းပေး
Feb 17,2022
ရခိုင်ပြည်နယ်၊သံတွဲခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ် ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက သံတွဲ​မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်းနှင့် ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာနနှင့် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန များသို့ သွား‌ ရောက်ဆောင်ရွက်ပေးခဲ့သည်။
မရမ်းကုန်းမြို့နယ် သမဝါယမအသင်းစုမှတဆင့် အသင်းသားများသို့ ဆန်များ​ စျေးနှုန်းချိုသာစွာရောင်းချ
Feb 17,2022
ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၏ ပေါင်းစပ်​ဆောင်ရွက်ပေးမှု့ဖြင့် ယမန်​နေ့ နံနက်ပိုင်းက မရမ်းကုန်းမြို့နယ် သမဝါယမ အသင်းစုမှတဆင့် အသင်းသားများသို့ ဆန်များ​ စျေးနှုန်းချိုသာစွာ​ရောင်းချ​ပေးလျက်ရှိသည်။