သတင်းများ

ရေဖြူမြို့တွင် အားကစားနှင့်ကာယပညာ ကော်‌မတီဥက္ကဋ္ဌဖလား အခြေခံပညာအသင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲ ကျင်းပ
Dec 10,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား၊ အခြေခံပညာအသင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက အ-ထ-က ရေဖြူ ကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
ကလိန်အောင်မြို့တွင် မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်ပိုင်ရှင်များနှင့် ဈေးသူ/ဈေးသားများအား Rapid Test- kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အခမဲ့စစ်ဆေးပေးခြင်းဆောင်ရွက်
Dec 10,2021
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ဆံတော်ရှင်ဂေါပက ကိုယ်ပိုင်ဈေး ၌ ဈေးရောင်းချနေသည့် ဈေးသူ/ဈေးသားများ၊ မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်ပိုင်ရှင်များနှင့် ဈေးရောင်း ချနေသူများအား ယမန်နေ့ နံနက် ၉ နာရီခွဲက Rapid Test- kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အခမဲ့ ကွင်းဆင်း စစ်ဆေးပေးခြင်း‌‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့၊ မြို့မဈေးကြီးနှင့် ရတနာဈေးတို့တွင် အစားအသောက်များအား ဓာတ်ခွဲ စစ်ဆေးယာဉ်ဖြင့် စစ်ဆေးမှု ဆောင်ရွက်
Dec 10,2021
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ မြို့မဈေးကြီးနှင့် ရတနာဈေးတို့တွင် ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲမှု ဦးစီးဌာနမှ မြို့မစျေးကြီးနှင့် ရတနာဈေးတို့တွင် ရောင်းချလျက်ရှိသော စျေးဆိုင်များ ရှိ အစားအသောက် များအား ဓာတ်ခွဲစစ်ဆေးယာဉ်ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ဦးတည်အုပ်စုတွင်ပါဝင်သူများအား စတုတ္တအသုတ် (ဒုတိယ)အကြိမ်အဖြစ် လူဦးရေ ၅၉၀ ဦးအား ကိုဗစ် -၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးပြီးဖြစ်
Dec 10,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စု တွင်ပါဝင်သည့် သူများ အား စတုတ္တအသုတ် (ဒုတိယ) အကြိမ် အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ် စုရပ် နေရာ များတွင် ဆက်လက် ထိုးနှံ ပေး လျက်ရှိ ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာပေဝါသနာရှင်များအတွက် Online တင်ဆက်မှု အစီအစဉ်ဖြင့် စာအုပ်မိတ်ဆက်ခြင်းနှင့် ကဗျာရွတ်ခြင်းများ အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိ
Dec 10,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာပေ ချစ်မြတ်နိုးသူများနှင့် ကလေးငယ်များအတွက် စာအုပ်မိတ်ဆက်ခြင်း၊ ကဗျာရွတ်ခြင်း၊ ပုံပြင်ပြောခြင်းများကို Online အစီအစဉ်ဖြင့် အပတ်စဉ် တင်ဆက်ပေးလျက်ရှိရာ၊ ယမန်နေ့နံနက်(၁၀)နာရီက စာအုပ်မိတ်ဆက်ခြင်းနှင့် ကဗျာ ရွတ်ခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ ငွေများ ပေးအပ်
Dec 10,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး နှစ်၊ ပထမ (၃)လုံးပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ စက်တင်ဘာ) အတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့် ရှိသော အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
တောင်ကြီးတက္ကသိုလ် နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမသစ်လွင်များ မွမ်းမံသင်တန်းဆင်းပွဲကျင်းပ
Dec 10,2021
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာန၊ တောင်ကြီးတက္ကသိုလ် နည်းပြ၊ သရုပ်ပြ၊ ဆရာ၊ ဆရာမ သစ်လွင်များ မွမ်းမံသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက တောင်ကြီးတက္ကသိုလ် ကျိုင်းတုံခန်းမ၌ ကျင်းပသည်။
ရှောက်လိမေ္မာ်ပြပွဲ၊ ပြိုင်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် တောင်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်
Dec 09,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေ၊ ပင်းတယမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ကြီးမှူး၍ နေပြည်တော် ရေဆင်း၌ကျင်းပပြုလုပ်သည့် ရှောက်လိမေ္မာ်ပြပွဲ၊ ပြိုင်ပွဲများသို့ ပါဝင် ယှဉ်ပြိုင်ခဲ့သည့် ပင်းတယ မြို့နယ်အတွင်းရှိ လိမ္မော်စိုက် တောင်သူများအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပင်းတယမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။