သတင်းများ

လသာမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ​ပေး
Dec 10,2021
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ယ​မန်နေ့​ နံနက် ၉ နာရီအချိန်က ဗိုလ်ချုပ်​အောင်ဆန်းလမ်းမ​ပေါ်ရှိ အထက(၂) လသာကျောင်းဝင်းအတွင်း၌ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး လျက်ရှိ​ကြောင်း သိရသည်။
တိုင်းဒေသကြီးအစိုးရအဖွဲမှ ထောက်ပံ့သည့်လယ်ယာသုံး ထွန်စက်များအား လွဲပြောင်းပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတက်ရောက်ပေးအပ်
Dec 10,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ထွန်စက်များနှင့် ထွန်ယက်ရေးကိရိယာများအား မြို့နယ်သမဝါယမ ဦးစီးဌာနသို့ လွဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က စက်မှုလယ်ယာ ဦးစီးဌာန၌ လွဲပြောင်းပေးအပ်ခဲ့သည်။
ကသာမြို့နယ်၌ လူဦးရေပေါင်း (၁၉၉၀၅)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်အထိ ထိုးနှံပြီးဖြစ်
Dec 10,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ရှိ မြို့တော်ခန်းမ၌ မြို့နယ်အတွက် ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများအား ပထမအကြိမ်နှင့် ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ်ကို ဒီဇင်ဘာလအတွင်း ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာလ(၇)ရက်နေ့အထိတွင် မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအပါအဝင် လူဦးရေပေါင်း (၁၉၉၀၅)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်အထိ ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 10,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း လျှော့ချနိုင်ရေးနှင့် ရောဂါကြောင့်သေဆုံးမှုနှုန်းများ ဆက်လက်လျော့ကျလာစေရေးအတွက် အသက် ၅၅ နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းနှင့် အသက် ၁၈ နှစ်အထက် ပြည်သူများအား ပထမအ​ကြိမ် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို သတ်မှတ်စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Dec 10,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ နှင့် သတ်မှတ်ဦးတည်အုပ်စုတွင် ပါဝင်သူများအား ယနေ့ နံနက်ပိုင်းမှ စတင်၍ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မိုင်းခတ်၌ပြည်သူများကိုဗစ်-၁၉ရောဂါကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်ပြသ
Dec 10,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြည်သူများကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို  ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပြသခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့မဈေးတွင် ဈေးရောင်းဈေးဝယ် သူများအနေဖြင့် ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချ
Dec 10,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့မဈေးတွင် ဈေးရောင်း ဈေးဝယ်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချလျှက်ရှိကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်တို့သို့ ဆက်သွယ်တည်ဆောက်လျက်ရှိသော  တွံတေးတူးမြောင်းကူး တံတား တစ်စင်းလုံး၏ ၁၀  ရာခိုင်နှုန်းပြီးစီး၊ တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Dec 10,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများစွာတို့၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရေးပါသော ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်တို့သို့ ဆက်သွယ် တည်ဆောက်လျက်ရှိသော တွံတေးတူးမြောင်းကူး တံတားတည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ   လက်ရှိအချိန်တွင် တံတားတစ်စင်းလုံး၏ ၁၀ ရာခိုင်းနှုန်းခန့် ပြီးစီးလျက်ရှိပြီး တည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့(၁)မှ သိရသည်။