ရေနံချောင်း ဒီဇင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ မြို့မဈေးကြီးနှင့် ရတနာဈေးတို့တွင် ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲမှု ဦးစီးဌာနမှ မြို့မစျေးကြီးနှင့် ရတနာဈေးတို့တွင် ရောင်းချလျက်ရှိသော စျေးဆိုင်များ ရှိ အစားအသောက် များအား ဓာတ်ခွဲစစ်ဆေးယာဉ်ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွဲမှု ဦးစီးဌာနတာဝန်ခံ ဒေါက်တာ ဦးစိုင်းမင်းသူထွန်နှင့်အဖွဲ့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ရေနံချောင်းမြို့နယ် စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်းပါဝင် ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ငြိမ်းငြိမ်းအိ