ကော့ကရိတ် ဒီဇင်ဘာ ၁၀
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး နှစ်၊ ပထမ (၃)လုံးပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ စက်တင်ဘာ) အတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့် ရှိသော အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော် ကျော်ဦးက ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် လူမှုရေးပင် စင် ထောက်ပံ့ငွေများကို အချိန်အဆိုင်းဘဲ သက်ကြီးဘိုးဘွားများ၏ လက်ဝယ်အရောက် ပေးအပ်စေလို ကြောင်း ပြောကြားပြီး၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသင်းက အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိတို့က ကော့ကရိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ အသီးသီးပေးအပ်ခဲ့သည်။
ကော့ကရိတ်မြို့နယ်အတွင်း ရပ်ကွက် (၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၀)အုပ်စုတို့မှ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား (၁၁၆၇) ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၃၅၀၁၀၀၀၀) ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိ သူများက သက်ကြီးဘိုးဘွားများ၏ လက်ဝယ်အရောက် ပြန်လည်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စောအောင်မျိုးလွင် (ပြန်/ဆက်)