သတင်းများ

လွိုင်ကော်မြို့၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ
Dec 09,2021
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်း အမှတ်အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လွိုင်ကော်မူလတန်းကြို ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
နမ့်ခမ်းမြို့၌ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်အတွက် စာဖတ်ဝိုင်းကျင်းပ
Dec 09,2021
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာဖတ်သည့် အလေ့အကျင့်များရရှိစေရန်အတွက် ယနေ့နံနက်ပိုင်း (၁၀)နာရီအချိန်အတွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေး
Dec 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန၊   လူထုအခြေပြုဗဟိုဌာန  (Community  Centre)၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးTalk Show ဆွေးနွေးပွဲ ကို ယမန်နေ့ နံနက်ပိုင်းက ကျန်းမာရေး စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်
Dec 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် Mobile Library စနစ်ဖြင့် စာအုပ် စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွား‌ရောက် ငှားရမ်းပေးခဲ့သည်။
မိုင်းလားမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Dec 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းလားမြို့နယ်၊ တားပင်းကျေးရွာအုပ်စု၊ ဝမ်ရှဲန်ရွာ၌ ယနေ့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မောက်မယ်မြို့နယ်၌ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်
Dec 09,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊မောက်မယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနမှူးရုံးမှဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းတွင်ဟိုလွိုင်ကျေးရွာအုပ်စု ၊ မိုက်ညုကျေးရွာသို့ ပန်းခင်းစီမံချက်ဖြင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း ၊ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
ရန်ကင်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိ
Dec 09,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူများအား ရပ်ကွက်များအရောက် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့ နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
ဒက္ခိဏသီရိမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Dec 09,2021
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများသို့ ယ​နေ့ နံနက်ပိုင်းတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သွားရောက်၍ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို အသိပေးနှိုးဆော်​ခြင်းများ ဆောင်ရွက်ခဲ့​ကြသည်။