ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာပေဝါသနာရှင်များအတွက် Online တင်ဆက်မှု အစီအစဉ်ဖြင့် စာအုပ်မိတ်ဆက်ခြင်းနှင့် ကဗျာရွတ်ခြင်းများ အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိ

ကျောက်ပန်းတောင်း ဒီဇင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာပေ ချစ်မြတ်နိုးသူများနှင့် ကလေးငယ်များအတွက် စာအုပ်မိတ်ဆက်ခြင်း၊ ကဗျာရွတ်ခြင်း၊ ပုံပြင်ပြောခြင်းများကို Online အစီအစဉ်ဖြင့် အပတ်စဉ် တင်ဆက်ပေးလျက်ရှိရာ၊ ယမန်နေ့နံနက်(၁၀)နာရီက စာအုပ်မိတ်ဆက်ခြင်းနှင့် ကဗျာ ရွတ်ခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်ရုံးရှိ  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အများပြည်သူများ စာပေဖတ်ရှုလေ့လာခြင်း၊ သင်တန်းများဖွင့်လှစ်ခြင်းနှင့် အားကစားဆိုင်ရာ လှုပ်ရှားမှုများ၊ ကျောင်းသား၊ ကျောင်းသူလေးများအတွက် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ဆေးရောင် ခြယ်ပြိုင်ပွဲများကို နိုင်ငံတော်နေ့ကြီးရက်ကြီးများတွင် ကျင်းပပေးလေ့ရှိသကဲ့သို့ စာအုပ်စာပေချစ်မြတ်နိုင်းသူများအတွက် စာဖတ်ဝိုင်းဆွေးနွေးခြင်း၊ ကဗျာရွတ်ဆိုခြင်းများ အလျဉ်းသင့်သလို ဆောင်ရွက်ပေးလျှက်ရှိရာမှ၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များနှင့် ရောဂါကူးစက်မှုများကြောင့် မြို့နယ်ရုံးရှိ  လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်နိုင်ခြင်း မရှိတော့သဖြင့် စာအုပ်ချစ်သူများအတွက် ရုံးချုပ်မှပေးပို့လာသည့် စာအုပ်များအား မိတ်ဆက်ပေးခြင်း၊ ကလေးငယ်များအတွက် ပုံပြင်ပြောခြင်းများနှင့် ကဗျာရွတ်ခြင်းများကို  Online အစီအစဉ်ဖြင့် အပတ်စဉ် အလှည့်ကျ ဆောင် ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ပြုလုပ်သည့် Online အစီအစဉ်တွင် ဒေါ်အောင်မေသန်း(စာ/ထောက်-၃)က အမှတ်-၄၂၁၊ ၂၀၂၁ခုနှစ်၊ ဩဂုတ် လထုတ် နက္ခတရောက်ခြည် မဂ္ဂဇင်းမှ ဆရာမဒေါ်မြဇ္ဇူ ရေးသားသည့် နှလုံးလေးဘက်နာရောဂါအကြောင်း သိကောင်းစရာနှင့် ကုထုံး ဆောင်ပါးကိုလည်းကောင်း၊ ဒေါ်သဲဖြူ(ရုပ်/သံ-၃)က  ဆရာဇော်ဂျီရေးသားသည့် ဗေဒါလမ်းကဗျာများ စာအုပ်မှ ကြံဖန်ရ ကဗျာ ကိုလည်းကောင်း ဖတ်ကြားတင်ဆက်ခဲ့ကြကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)