ရှောက်လိမေ္မာ်ပြပွဲ၊ ပြိုင်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် တောင်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

ပင်းတယ    ဒီဇင်ဘာ   

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေ၊ ပင်းတယမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ကြီးမှူး၍ နေပြည်တော် ရေဆင်း၌ကျင်းပပြုလုပ်သည့် ရှောက်လိမေ္မာ်ပြပွဲ၊ ပြိုင်ပွဲများသို့ ပါဝင် ယှဉ်ပြိုင်ခဲ့သည့် ပင်းတယ မြို့နယ်အတွင်းရှိ လိမ္မော်စိုက် တောင်သူများအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပင်းတယမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပင်းတယမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်မှ အဖွင့်အမှာ စကားပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ရာသီဥတု အပူချိန်များ ပြောင်းလဲ လာသည်နှင့်အမျှ ပင်းတယမြို့နယ်အတွင်း စိုက်ပျိုးလျက်ရှိသော လိမေ္မာ်မျိုးသစ်များအား ပြောင်းလဲအစားထိုးနည်းစနစ်ဖြင့် ဆောင်ရွက်နေကြောင်း၊ ရှောက်မျိုးရင်းဝင် သစ်ပင်/သစ်သီး များနှင့် ပတ်သတ်၍ မျိုးကောင်းမျိုးသန့်ရရှိရေး၊ အထွက်နှုန်းနှင့် အရည်အသွေး မြင့်မား တိုးတက်လာစေရေး၊ စားသုံးသူများလုံခြုံစိတ်ချရသည့် ထွက်ကုန်ပစ္စည်းများရရှိရေး၊ ပြည်ပပို့ ထွက်ကုန်ပစ္စည်းများရရှိဝင်ငွေတိုးစေရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့ကျ စေရေး တို့ အတွက်ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရရှိရန်နှင့် နည်းပညာများ ရရှိနိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ရှောက်လိမေ္မာ်ပြပွဲ၊ ပြိုင်ပွဲနှင့် ပတ်သတ်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။ 

ထို့နောက် ပျားလိမေ္မာ်ပြိုင်ပွဲ ပထမဆုရရှိခဲ့သော တောင်သူအား မြို့နယ်အုပ်ချုပ်ရေးမှူးမှ လည်းကောင်း၊ လိမေ္မာ်(ခွံပွ) ပြိုင်ပွဲ ဆုရရှိသူအား စိုက်ပျိုးရေးဦးစီးဌာနမှူးမှလည်းကောင်း  ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြကြောင်းသိရသည်။

ပင်းတယ (ဒေသ ပြန်/ ဆက်)