မောင်တော ဒီဇင်ဘာ ၁၀
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စု တွင်ပါဝင်သည့် သူများ အား စတုတ္တအသုတ် (ဒုတိယ) အကြိမ် အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ် စုရပ် နေရာ များတွင် ဆက်လက် ထိုးနှံ ပေး လျက်ရှိ ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းများ မှတ်ယူခြင်း ၊ ကျန်းမာရေးဝန်ထမ်းများအားက လာရောက် ထိုးနှံသည့် ဦးတည် အုပ်စုတွင် ပါဝင်သည့်သူများ အား ကိုယ် အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင် ရွက် ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီး သည့် သူများကို မိနစ် ၃၀ ခန့် အနား ယူစေကာ ကာကွယ်ဆေးထိုးနှံနေမှုများအား ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီ ဆောင် ရွက်ပေး လျက်ရှိ သည်။
အဆိုပါ ဦးတည်အုပ်စု တွင်ပါဝင်သည့် သူများ အနက် စတုတ္တအသုတ် (ဒုတိယ) အကြိမ်အဖြစ် ယနေ့ နံနက် ပိုင်းက အစိုးရကျန်းမာရေးဝန်ထမ်း ၃ ဦး ၊ နိုင်ငံဝန်ထမ်း ၂ ဦး ၊ အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ ၁၃၅ ဦး ၊ စား သောက် ကုန်ရောင်းချသူ ၁ ဦး ၊ မှီခိုသူ ၁၀၉ ဦး စုစုပေါင်းဆေးထိုးနှံသူ ၂၅၀ ဦးအား ဆက်လက်ထိုးနှံပေးခဲ့ပြီး စတုတ္တအ သုတ် (ဒုတိယ) အကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံပြီးစီးသူ စုစုပေါင်း ၅၉၀ ဦးအား ကျန်းမာရေး ဝန်ကြီး ဌာန၏လမ်း ညွှန်ချက်များ နှင့် အညီ ထိုးနှံ ပေးခဲ့ပြီး ကျန်ရှိသူများ ကိုလည်း ဆက်လက် ထိုးနှံပေးမည် ဖြစ် ကြောင်း သိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)