ရေဖြူ ဒီဇင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား၊ အခြေခံပညာအသင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက အ-ထ-က ရေဖြူ ကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ရေဖြူမြို့နယ်၊ အခြေခံပညာကျောင်းများမှ အသင်း ၅ သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြ ပြီး ပြိုင်ပွဲတွင် ပထမဆုကို နှင်းဆီအသင်းကလည်းကောင်း၊ ဒုတိယဆုကို ချယ်ရီအသင်းက လည်းကောင်း၊ တတိယဆုကို ဇီဇဝါအသင်း ကလည်းကောင်း အသီးသီးဆွတ်ခူးရရှိကာ ဆုရရှိသော အသင်းများကို တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲသို့ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် အားပေးခဲ့ကြကြောင်း သိရသည်။
ခတ္တာ