ကလိန်အောင် ဒီဇင်ဘာ ၁၀
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ဆံတော်ရှင်ဂေါပက ကိုယ်ပိုင်ဈေး ၌ ဈေးရောင်းချနေသည့် ဈေးသူ/ဈေးသားများ၊ မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်ပိုင်ရှင်များနှင့် ဈေးရောင်း ချနေသူများအား ယမန်နေ့ နံနက် ၉ နာရီခွဲက Rapid Test- kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အခမဲ့ ကွင်းဆင်း စစ်ဆေးပေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ဆံတော် ရှင်ဂေါပက ကိုယ်ပိုင်ဈေး၌ ဈေးရောင်းချနေသည့် ဈေးသည်များ၊ မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်ပိုင်ရှင် များနှင့် ဈေးရောင်းချနေသူ ကျား(၅)ဦး၊ မ(၄၅)ဦး၊ စုစုပေါင်း(၅၀)ဦးအား ကွင်းဆင်း၍ Rapid Test- kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အခမဲ့စစ်ဆေးဆောင်ရွက်ခဲ့ပြီး ရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းကိုရေဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်း၊ ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် ဝန်ထမ်းများ၊ ရေဖြူမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာ ကျော်မိုးမြင့်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံ ဦးမင်းခိုင်နှင့်အဖွဲ့၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသက်ပိုင်စိုးနှင့် တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများ၊ နယ်မြေရဲစခန်းမှ နယ်ထိန်း ရဲတပ်ကြပ်ဝင်းထွန်းနှင့် မြို့ပေါ်ရပ်ကွက် အုပ်ချုပ် ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့က ဈေးသည်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် စည်းကမ်းချက်များနှင့်အညီ ဈေးရောင်းချကြရန် အသိပညာပေးပြောကြားခဲ့ ကြောင်း သိရသည်။
မိုးမိုးခိုင်