သတင်းများ

ကမမောင်းမြို့တွင် မြို့မဈေးနှင့်ကုန်စုံဆိုင်များ ပုံမှန်ရောင်းချပေးလျက်ရှိ
Dec 10,2021
ကရင်ပြည်နယ် ကမမောင်းမြို့တွင် ဒီဇင်ဘာလ(၁၀)ရက်နေ့ နံနက်ပိုင်းမှစတင်၍ မြို့မဈေးနှင့် ကုန်စုံဆိုင်များ၊ အိမ်ဆိုင်များအ‌နေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့် အညီ  ကမမောင်းမြို့အတွင်း ပုံမှန်​ရောင်းချနေသော ဈေးဆိုင်များအားလုံး ဖွင့်လှစ်ရောင်းချလျက် ရှိကြောင်း သိရသည်။
ကလောမြို့နယ်တွင် အသက်(၁၈)နှစ်အောက် ကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲကျင်းပ
Dec 10,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး အသက် (၁၈)  နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ကလောမြို့နယ် ကိုယ်စားပြု လူရွေးချယ်ယှဉ်ပြိုင်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၈) နာရီခန့်က ကလောမြို့နယ် အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည် ပြိုင်ပွဲများကျင်းပ
Dec 10,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ယနေ့နံနက်  ၁၀ နာရီက ကျောင်းသား/ကျောင်းသူ ကလေးငယ်များ အတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည် ပြိုင်ပွဲများကျင်းပ ပြုလုပ်ခဲ့သည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် ဈေးရောင်းဈေးဝယ်များနှင့်စာသင်ကျောင်းများ ပုံမှန်လည်ပတ်
Dec 10,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ဒီဇင်ဘာ(၁၀)ရက်နေ့က ဈေးရောင်း/ဈေးဝယ်များနှင့် စာသင်ကျောင်းများ ပုံမှန်လည်ပတ်လျက်  မြို့နေပြည်သူများ ပုံမှန်သွားလာလှုပ်ရှားမှုလျက်ရှိသည်။
ဆီဆိုင်မြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားလျက်ရှိ
Dec 10,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါသည် ပြည်တွင်းကူးစက်မှုနှုန်း မြင့်တက်နေသည့် ကာလအတွင်း ကာကွယ်၊ ထိန်းချုပ်သည့်အနေဖြင့် ယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ရောဂါကူးစက်မှုနှုန်း လျော့နည်းကျဆင်းနေပြီ ဖြစ်သည့်အတွက် ဒီဇင်ဘာ ၆ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာမှ ယနေ့ နံနက်ပိုင်းတွင် ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ပြည်တွင်းကုန်စည်ပို့ဆောင်စီးဆင်းမှုနှင့် မြို့နေပြည်သူများ ပုံမှန်သွားလာလည်ပတ်လျက်ရှိ
Dec 10,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့သည် ပြည်တွင်းကုန်စည်ပို့ဆောင် စီးဆင်းမှုနှင့် အိမ်ဆိုင်လုပ်ငန်းများ ပုံမှန်လည်ပတ်လျက်ရှိသည်။
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဆိုလာပစ္စည်းများ ထောက်ပံ့ပေးအပ်
Dec 10,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဆိုလာပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက်(၁၀)နာရီ အချိန်က “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ညောင်ဦးမြို့နယ်တွင် ပြည်သူများ ပုံမှန်သွားလာလုပ်ကိုင်လျက်ရှိ
Dec 10,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင်းရှိ ဒေသခံပြည်သူများ ဘုရား၊ ကျောင်းကန်များတွင် ပုံမှန်သွားလာလုပ်ကိုင်လျက်ရှိကြောင်း ဒေသခံပြည်သူများထံကသိရ သည်။