သတင်းများ

ပေါင်းတည်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Dec 16,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ အဆိုပါ ရုံးစာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ယမန်နေ့နံနက်(၉)နာရီအချိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့ Community Centre ခန်းမတွင် မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲနှင့် မှတ်ဉာဏ်ဂိမ်းပြိုင်ပွဲများကျင်းပ
Dec 16,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊Community Centre ခန်းမတွင် ကျောင်းသားကျောင်းသူများ ၊ လူငယ်လူရွယ်များ အသိပညာ တိုးပွားလာစေရန် ၊ ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ ‌မွန်းလွဲ(၃) နာရီအချိန်ကပုံပြင်ပြောပြိုင်ပွဲ နှင့် မှတ်ဉာဏ်ဂိမ်းပြိုင်ပွဲများကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ (Mask Campaign) ပြုလုပ်ဆောင်ရွက်
Dec 16,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပထွက်တိုင်း (Mask) မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေး (Mask Campaign) ကို ယနေ့နံနက် ၇နာရီခွဲအချိန်တွင် လူစည်ကားရာ နေရာဖြစ်သော အမှတ် (၁၀၆)ရပ်ကွက် ကေတုမတီစျေးအတွင်း ဆောင်ရွက်ခဲ့သည်။
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Dec 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနသည် ယနေ့နံနက် ၁၁ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နိုင်ငံ့ ဝန်ထမ်း ကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား မြို့ပေါ်ရပ်ကွက်အတွင်းသို့ ကွင်းဆင်းထိုးနှံပေး
Dec 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးနှင့် ကာကွယ် ဆေးထိုးနှံမှု တစ်မြို့နယ်လုံး လွမ်းခြုံနိုင်ရေးအတွက် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခန့်က သီရိရပ်ကွက်တွင် ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူ ဝန်ထမ်းတစ်ဦး၏ ရင်တွင်းစကားသံ
Dec 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံခြင်း၊ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ဗီနိုင်းများ၊ ပိုစတာများအားရပ်ကွက်၊ ကျေးရွာများရှိ လမ်းဆုံလမ်းဂွများ၊ စျေးများတွင် ချိတ်ဆွဲခြင်း၊ ကျန်းမားရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား ရပ်ကွက်ကျေးရွာများအတွင်း လှည့်လည် နှိုးဆော်ခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ ပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများကို ဖော်ပြပေးလိုက်ရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် Mask Campaign ဆောင်ရွက်
Dec 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဆ)ရပ်ကွက်၊ ရတနာသိဂီစျေးတွင် စျေးဝယ်/ စျေးရောင်းချသူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်းနှင့် Mask Campaing ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖား​ဆောင်းမြို့နယ်တွင် ကိုယ်၀န်​ဆောင်မိခင်များနှင့် အသက်(၁)နှစ်​အောက် က​လေးငယ်များအား ပုံမှန်ကာကွယ်​ဆေးထိုးနှံ တိုက်​ကျွေး​
Dec 16,2021
ကယားပြည်နယ်​၊ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် က​လေးငယ်များ ကျန်းမာသန်စွမ်း​စေရန်နှင့် ကူးစက်​ရောဂါတို့မှ ကင်း​ဝေး​စေရန်အတွက် ကိုယ်၀န်​ဆောင်မိခင်များနှင့် အသက်(၁)နှစ်​အောက်က​လေးငယ်များအား ပုံမှန်ကာကွယ်​ဆေးထိုးနှံ တိုက်​ကျွေးခြင်းကို ယ​နေ့နံနက်(၈)နာရီ အချိန်က မြို့နယ် ပြည်သူ့​ဆေးရုံတွင် ​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။