ဆီဆိုင် ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးနှင့် ကာကွယ် ဆေးထိုးနှံမှု တစ်မြို့နယ်လုံး လွမ်းခြုံနိုင်ရေးအတွက် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခန့်က သီရိရပ်ကွက်တွင် ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများကထိုးနှံပေးရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်း များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ သီရိရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ရပ်ကွက်/ ကျေးရွာ အုပ်စုများအလိုက် မြို့နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများကဆက်လက် ကွင်းဆင်းထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)