ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ သတင်းအချက်အလက်များအား ကျေးရွာ အရောက် လိုက်လံအသိပေးခြင်း ဆောင်ရွက်
Dec 16,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီး ထိန်းချုပ် နိုင်ရန်နှင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သုံးအိမ်စုကျေးရွာအတွင်းရှိ ကျေးလက်နေ ပြည်သူများ သိရှိလိုက်နာရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန် ချက်များအား အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ မွန်လွှဲပိုင်းအချိန်က Hand Speaker ဖြင့် လှည့်လည်နှိုးဆော် ခဲ့ကြသည်။