မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

မိုင်းခုတ် ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနသည် ယနေ့နံနက် ၁၁ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နိုင်ငံ့ ဝန်ထမ်း ကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက နိုင်ငံ့ ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ သတ်မှတ် ရခြင်း၏ ရည်ရွယ်ချက်(၈)ချက်၊ နိုင်ငံ့ဝန်ထမ်းများ ထားရှိရ မည့် စံတန်ဖိုးသတ်မှတ်ချက်(၈)ချက်၊ ပြည်သူဗဟိုပြုနိုင်ငံ့ဝန်ထမ်းများဖြစ်လာစေရန် ကတိကဝတ် ပြုခြင်း (၇) ချက်၊ လုပ်ငန်းတာဝန်များကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် တိကျမှန်ကန်မြန်ဆန်ထိရောက်စွာ ဆောင်ရွက် ခြင်း(၄) ချက်တို့ကိုလည်းကောင်း၊ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်သီတာအေးက ဆန်းသစ်တီထွင်နိုင်မှုနှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ရှိခြင်း(၆)ချက်၊ ရိုးသားဖြောင့်မတ်ခြင်း၊ ဂုဏ်သိက္ခာ ရှိခြင်းနှင့် ယုံကြည်ထိုက်ခြင်း (၁၄)ချက်၊ ထူးချွန်ပြောင်မြောက်မှုနှင့် အတတ်ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိခြင်း(၉)ချက်တို့ကိုလည်း ကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဉီးအောင်လွင်ဌေးက အားလုံးပါဝင်၍ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုရှိခြင်း(၄) ချက်၊ ဘက်လိုက်မှုကင်းခြင်း၊ အဂတိကင်းရှင်းခြင်း၊ တရားမျှတစွာ ဆောင်ရွက်မှုရှိခြင်း(၆)ချက်၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိခြင်း(၄)ချက်တိုကိုလည်းကောင်း အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းကို ကျင့်ဝတ်သိက္ခာနှင့်ပြည့်စုံသော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်ပေါ်လာစေရေး၊ စွမ်းရည်ပြည့်ဝသော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများ ဖြစ်ပေါ်စေရေးနှင့် ပိုမိုကောင်းမွန်သည့် လူမှုအဖွဲ့အစည်း ဖြစ်ပေါ်လာစေရေးအတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)