ကျိုက်လတ်မြို့ Community Centre ခန်းမတွင် မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲနှင့် မှတ်ဉာဏ်ဂိမ်းပြိုင်ပွဲများကျင်းပ

ကျိုက်လတ်   ဒီဇင်ဘာ        ၁၆

ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊Community Centre ခန်းမတွင် ကျောင်းသားကျောင်းသူများ ၊ လူငယ်လူရွယ်များ အသိပညာ တိုးပွားလာစေရန် ၊ ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ ‌မွန်းလွဲ(၃) နာရီအချိန်ကပုံပြင်ပြောပြိုင်ပွဲ နှင့် မှတ်ဉာဏ်ဂိမ်းပြိုင်ပွဲများကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်‌ဌေးဌေးလှိုင် ကပြိုင်ပွဲပြုလုပ်ရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်း ပြောကြားခဲ့ပြီး ပုံပြင်ပြောပြိုင်ပွဲအားကျင်းပပြုလုပ်ခဲ့ ရာ အခြေခံပညာမူလတန်းကျောင်း က ကျောင်းသား၊ကျောင်းသူလေးများ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူ များအား တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။ ဆက်လက်၍ကျောင်းသား ကျောင်းသူများ မှတ်ဉာဏ်ထက်မြတ်စေရန် ရည်ရွယ်၍ မှတ်ဉာဏ် ဂိမ်းပြိုင်ပွဲကျင်းပပြုလုပ် ပေးခဲ့ရာ ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ဌေးဌေးလှိုင်