ဖား​ဆောင်းမြို့နယ်တွင် ကိုယ်၀န်​ဆောင်မိခင်များနှင့် အသက်(၁)နှစ်​အောက် က​လေးငယ်များအား ပုံမှန်ကာကွယ်​ဆေးထိုးနှံ တိုက်​ကျွေး​

ဖား​ဆောင်း     ဒီဇင်ဘာ     ၁၆

ကယားပြည်နယ်​၊ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် က​လေးငယ်များ ကျန်းမာသန်စွမ်း​စေရန်နှင့် ကူးစက်​ရောဂါတို့မှ ကင်း​ဝေး​စေရန်အတွက် ကိုယ်၀န်​ဆောင်မိခင်များနှင့် အသက်(၁)နှစ်​အောက်က​လေးငယ်များအား ပုံမှန်ကာကွယ်​ဆေးထိုးနှံ တိုက်​ကျွေးခြင်းကို ယ​နေ့နံနက်(၈)နာရီ အချိန်က မြို့နယ် ပြည်သူ့​ဆေးရုံတွင် ​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 အဆိုပါ ပုံမှန်ကာကွယ်​ဆေးထိုးနှံ တိုက်​ကျွေး​ပေးခြင်းကို မြို့နယ်ကျန်းမာ​ရေးဦးစီးဌာန အမျိုးသမီး ကျန်းမာ​ရေး ဆရာမ​ဒေါ်တင်မိုးသက်နှင့် ကျန်းမာ​ရေး၀န်ထမ်းများမှ မြို့​ပေါ်ရပ်ကွက်နှင့်​ကျေးရွာများရှိ ကိုယ်၀န်​ဆောင် မိခင် များအား ​မေးခိုင်ကာကွယ်​ဆေးထိုးနှံ​ပေးခြင်း၊ သံဓါတ်အား​ဆေးပြားများအား​နေ့စဉ်​သောက်ရန်​ပေးခြင်း၊​ သွေးအားနည်းခြင်းရှိ၊မရှိ စစ်​ဆေး​ပေးခြင်း၊ ဆစ်ဖလစ်​ရောဂါအတွက်​သွေးစစ်​ပေးခြင်း၊ တီဘီ​ရောဂါ လက္ခဏာရှိ၊ မရှိ​မေးမြန်းခြင်း၊​ သွေး​ပေါင်ချိန်ချိန်​ပေးခြင်း၊ ကိုယ်အ​လေးချိန် ချိန်​ပေးခြင်း၊ကိုယ်၀န်စမ်းသပ်​ပေးခြင်း၊ ဗီတာမင်ဘီ ၀မ်း​ဆေးပြား​သောက်ရန်​ပေးခြင်း၊​မွေးဖွားခါနီး လက္ခဏာများအား အသိ​ပေးခြင်း၊​ မွေးဖွားမည့်ခန့်မှန်းရက်ထက် တစ်ပတ်​ကျော်ပါက ကျန်းမာ​ရေးဌာနသို့ လာ​ရောက်ပြသရန် အကြံပြုခြင်းများကို​ ဆောင်ရွက်​ပေးခဲ့သည်။

အလားတူအသက်(၁)နှစ်​အောက် က​လေးငယ်များအား အသည်း ရောင်အသားဝါ(ဘီ)၊ ဘီစီဂျီ၊ဆုံဆို့၊ ကြက်ညှာ၊​ မေးခိုင်၊ ဦး​နောက်အ​မြေး​ရောင်၊ ပြင်းထန်အဆုတ်​ရောင်(ပီစီဗီ)၊ ပိုလီယို၊ ဂျပန်ဦး​နောက်​ရောင်၊ ဝက်သက်ဂျိုက်သိုး စသည့် ကာကွယ်​ဆေးများအား ထိုးနှံတိုက်​ကျွေးခဲ့ကြ​ကြောင်းနှင့် အဆိုပါ ပုံမှန်ကာကွယ်​ဆေးများကို သတ်မှတ် ထား​သောအကြိမ် သတ်မှတ်ထား​သော အသက်အရွယ်တွင်​ ဆေးထိုး​ဆေးတိုက်​ပေးခြင်းများ ပြုလုပ်​ပေးနိုင်မှ သာလျှင် အထက်ပါ​ရောဂါပိုးများမှ ကာကွယ်​ပေးနိုင်မည်ဖြစ်​ကြောင်း သိရသည်။

နန်းသဲနု​အောင်