သတင်းများ

ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်
Dec 16,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် စာပေမှရရှိသည် အကျိုးကျေးဇူးများကို သိရှိစေရန်နှင့် နေ့ထူးနေ့ မြတ်များအကြောင်း သိရှိစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ်အဖြစ် ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်း (၈) နာရီအချိန်က ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
နွားထိုးကြီးမြို့နယ်၌ ကိုဗစ် - ၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်
Dec 16,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် ရေးဆိုင်ရာ အချက် များကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အသံချဲ့ စက်ဖြင့် အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
မိုင်းယောင်းမြို့၌ အိုမီခရွန်(0micron)အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများ ကြိုတင် ကာကွယ်ရေးဆိုင်ရာ အစည်းအဝေးကျင်းပ၊ ကိုဗစ်-၁၉ ရောဂါအား ကာကွယ်ထိန်းချုပ်ကုသရာတွင် အသုံးပြုသည့်ဆေးဝါးများ ထောက်ပံ့ပေးအပ်
Dec 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အိုမီခရွန်(0micron)အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကိုဗစ်-၁၉ ရောဂါအား ကာကွယ် ထိန်းချုပ်ကုသရာတွင် အသုံးပြုသည့် ဆေးဝါးများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ် စာစောင်၊စာအုပ်ပြပွဲ ခင်းကျင်းပြသ
Dec 16,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင်၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ဓာတ်ပုံပြပွဲ ခင်းကျင်း ပြသခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု (Community Centre) ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုံပါကျင်မြို့၌ (အိုမီခရွန်) အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း‌ ရောဂါပိုးများကို သတိပြုကာ မိမိကစ၍ ကြိုတင်ကာကွယ်ရေး လိုက်နာရမည့်အချက်များအား မြန်မာ/ရှမ်း နှစ်ဘာသာဖြင့် အသိပညာ‌‌ပေးနှိုးဆော်
Dec 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ အိုမီခရွန် (omicron) အပါအဝင် ကိုဗစ် - ၁၉ မျိုးဗီဇ‌ပြောင်း ရောဂါပိုးများကို သတိပြုကာ မိမိကစ၍ ကြိုတင်ကာကွယ်နိုင်‌ရေး လိုက်နာရမည့် အချက်များအား အသိပညာပေးနှိုးဆော်ခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက်များတွင် မြန်မာ၊ ရှမ်း နှစ်ဘာသာဖြင့် နှိုးဆော်ခဲ့ကြောင်း သိရသည်။
မဘိမ်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Dec 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၁ဝ နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းခတ်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Dec 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့် လှည့်လည် နှိုးဆော်ခဲ့သည်။
မောင်တောမြို့၌ (၄၇)နှစ်မြောက်ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်
Dec 16,2021
မောင်တောခရိုင်၊ မောင်တောမြို့၌ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်း မှ စတင်ကာ မြို့မအားကစားကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။