ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူ ဝန်ထမ်းတစ်ဦး၏ ရင်တွင်းစကားသံ

ဒဂုံဆိပ်ကမ်း ဒီဇင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံခြင်း၊ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ဗီနိုင်းများ၊ ပိုစတာများအားရပ်ကွက်၊ ကျေးရွာများရှိ လမ်းဆုံလမ်းဂွများ၊ စျေးများတွင် ချိတ်ဆွဲခြင်း၊ ကျန်းမားရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား ရပ်ကွက်ကျေးရွာများအတွင်း လှည့်လည် နှိုးဆော်ခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ ပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများကို ဖော်ပြပေးလိုက်ရသည်။

မေး= နာမည်လေး၊ လိပ်စာနှင့် အလုပ်အကိုင်လေး ဖြေကြားပေးပါအုန်း။

ဖြေ= ကျွန်မကတော့ ဒေါ်သွယ်သွယ်ဖြစ်ပါတယ်။ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ၈၈ ရပ်ကွက်မှာ ဈေးရောင်းပါတယ်။

မေး= ကိုဗစ်-၁၉ ရောဂါကို ဘယ်အချိန်လောက်မှာ စဖြစ်ပါသလဲ။

ဖွေ= အိမ်မှာ လက်ရှိမိသားစု ၃ ယောက် နေထိုင်ပါတယ်။ ကျွန်မက သြဂုတ်လ (၁၀)ရက်နေ့မှာ စပြီး ဖျားချင်သလိုဖြစ်တယ်။ သြဂုတ်လ (၁၂)ရက်နေမှာတော့ အနံ့စတင်ပျောက်သွားသည့်အတွက် မြို့နယ် ဆေးရုံသို့ သွားရောက်ပြသရာ ကိုဗစ်-၁၉ ရောဂါ လက္ခဏာများ တွေ့ရှိခဲ့ပါသည်။

မေး= ကျန်းမာရေး ကောင်းမွန်အောင် ဘယ်လိုနေထိုင်စားသောက်ခဲ့ပါသလဲ။

ဖြေ= ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိတဲ့နေ့မှစ၍ ဆရာဝန်မှ Home Quarabtinae သီးသန့်ခွဲနေ ခိုင်းပါတယ်။ ဆရာဝန်မှာကြားသည့်အတိုင်း အချိန်မှန်မှန် ဆေးသောက်ခြင်း၊ အာဟာရပြည့်ဝသော အစားအစာများ အချိန်မှန်စားသုံးခြင်း၊ အိပ်ရေးဝဝအိပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ အစားအသောက် စားချင်စိတ်လုံးဝမရှိပါဘူး။ ဒါပေမဲ့ အာဟာရပြည့်ဝမှ ကျန်းမာမည်ဖြစ်သောကြောင့် အာဟာရ ပြည့်ဝအောင် စားသောက်ခဲ့ပါတယ်။ သြဂုတ်လ (၁၉)ရက်နေ့လောက်မှာ အနံ့ပြန်ရခဲ့ပါတယ်။

မေး= ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို သိသလောက် ပြောပြပေးပါ။

ဖြေ= ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားအောင် ဆရာဝန်မှာကြားသည့်အတိုင်း  မိဘပြည်သူများ အနေနှင့် လည်း ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရန် မလိုအပ်ဘဲ အပြင်သို့ မကြာခဏ ထွက်ခြင်းမှ ရှောင်ကြဉ်ကြဖို့၊ လက်ကိုမကြာခဏ စက္ကန်း ၂၀ ကြာဆေးကြောဖို့၊ အပြင်ထွက်တိုင်း Mask တပ်ဖို့၊ လူထူထပ်သော နေရာများ သွားရောက်ခြင်းကို ရှောင်ကြဉ်ကြဖို့၊ မဖြစ်မနေသွားရပါကလည်း ကျန်းမာရေးလမ်းညွှန်ချက် များနှင့် အညီ နေထိုင်ကြဖို့၊ ကိုယ်ခံအားကောင်းအောင် အာဟာရဖြစ်စေတဲ့ အစားအသောက်များကို စနစ်တကျ စားသောက်ကြဖို့နှင့် အိပ်ရေးဝဝအိပ်ကြဖို့ တိုက်တွန်းလိုပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူများနှင့် ကာကွယ်ဆေး မထိုးနှံရသေးသူများကိုလည်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်လို့ မပေါ့ဆကြဖို့ သတိပေး တိုက်တွန်းလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

လဲ့လဲ့