သတင်းများ

ဘုတ်ပြင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ရောဂါကာကွယ်ရေး အသိပေးနှိုးဆော်
Dec 21,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်‌ရေး၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်အိုမီခရွန် ကြိုတင် ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယမန်နေ့ညနေက ဘုတ်ပြင်းမြို့ ထောင်စုံမဟက် ကျေးရွာအုပ်စုရှိ ချောင်းတာစူးကျေးရွာသို့ လှည့်လည်၍ အသိပညာပေး တိုက်တွန်းနှိုးဆော်ခဲ့ ကြောင်း သိရသည်။
ကော့သောင်းမြို့တွင် မီးဘေးအန္တရာယ် ကာကွယ်ရေးဇတ်တိုက်လေ့ကျင့် မှုများဆောင်ရွက်
Dec 21,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်အတွင်း မီးဘေးအန္တရာယ်များဖြစ်ပွားလာပါက မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ယနေ့ နံနက် ပိုင်းက  ကော့သောင်းမြို့ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိ
Dec 21,2021
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ဈေးများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် ဆောင်ရွက်
Dec 21,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက် ပြန့်ပွားမှုကို ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဒေသနေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန် အတွက် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန် မပြတ် နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အင်းစိန်မြို့နယ်ရှိ ရပ်ကွက်များသို့ မော်တော်ယာဉ်များဖြင့် လှည့်လည်ကာ အသံချဲ့စက်ဖြင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး နှိုးဆော်
Dec 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ် နိုင်ရန် ရည်ရွယ်၍ မြို့နယ်အတွင်းသို့ မော်တော်ယာဉ်ဖြင့် လှည့်လည်ကာ အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက နှိုးဆော်ခဲ့သည်။
အင်းစိန်မြို့နယ်၊စိန်ရတနာ နာရေးကူညီမှုအသင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေများ လာရောက် လှူဒါန်း
Dec 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်လျက်ရှိကာ ယမန်နေ့က အလှူရှင်များက အသင်းရုံးသို့ အလှူငွေ များ လာရောက်လှူဒါန်းခဲ့သည်။
ကော့သောင်းမြို့၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက်
Dec 21,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့သောင်းမြို့ ရပ်ကွက်နှင့်ကျေးရွာများရှိ အသက် နှစ်လမှ တစ်နှစ်ခွဲအရွယ် ကလေးငယ်များအား EPT ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက် ကျွေးခြင်းလုပ်ငန်းကို ကော့သောင်းမြို့၊ မဉ္ဇူသကပြည်သူ့ခန်းမ၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန က ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့တွင် ပန်းခင်းစီမံချက် အသိပညာပေး Led board မော်တော်ယာဉ်ဖြင့်လှည့်လည်၍ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Dec 21,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် ယမန်နံနက် ၁၁ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၏ အစီအစဉ်ဖြင့် ရောက်ရှိလာသည့် ပန်းခင်းစီမံ ချက်အသိပညာပေး Led board မော်တော်ယာဉ်ဖြင့် မြို့ပေါ်တွင် အသိပညာပေးခြင်းများ လှည့်လည်ဆောင်ခဲ့ပြီး လူစည်ကားရာနေရာများတွင် ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေး ခဲ့ကြောင်းသိရသည်။