ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ (Mask Campaign) ပြုလုပ်ဆောင်ရွက်

ဒဂုံတောင် ဒီဇင်ဘာ ၁၆

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပထွက်တိုင်း (Mask) မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေး (Mask Campaign) ကို ယနေ့နံနက် ၇နာရီခွဲအချိန်တွင် လူစည်ကားရာ နေရာဖြစ်သော အမှတ် (၁၀၆)ရပ်ကွက် ကေတုမတီစျေးအတွင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၁၀၆)ရပ်ကွက်ရှိ ကေတုမတီစျေး၌ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေမောင်၏ ဦးဆောင်မှုဖြင့် ဈေးဝယ်၊ဈေးရောင်း သူများအား စနစ်တကျ (Mask) တပ်ဆင်သွားလာရေး အသိပညာပေး နှိုးဆော် ဆောင်ရွက်ခဲ့ပြီး Mask များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

(Mask Campaign) ပြုလုပ်ဆောင်ရွက်ခြင်းကို ယမန်နေ့ကလည်း အမှတ်(၂)စျေးတွင် ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ ရောဂါကူးစက်မှု မခံရစေရေးအတွက် အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။

သန်းသန်းအေး