မြောက်ဥက္ကလာပမြို့နယ်တွင် Mask Campaign ဆောင်ရွက်

မြောက်ဥက္ကလာပ ဒီဇင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဆ)ရပ်ကွက်၊ ရတနာသိဂီစျေးတွင် စျေးဝယ်/ စျေးရောင်းချသူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်းနှင့် Mask Campaing ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပမြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းများ၊ ရတနာသိဂီစျေး တာဝန်ခံနှင့် ဝန်ထမ်းများ ပူးပေါင်း၍ ဈေးအတွင်း ဈေးရောင်းသူ/ဈေးဝယ်သူများအား Mask Campaign ဆောင်ရွက်ခြင်း၊ စည်းကမ်းစနစ်တကျ စျေးရောင်းချစေရေး၊ အမှိုက်များ စနစ်တကျ စွန့်ပစ်စေရေး အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြမြဝင်း