သတင်းများ

ရွှေသောင်ယံမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ ကျင်းပ
Dec 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ-ထ-က (ရွှေသောင်ယံ)တွင် ယနေ့နံနက် (၉)နာရီခွဲအချိန်က ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ရောက်ရှိမည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ ကို ကျင်းပခဲ့ကြောင်း သိရသည်။
ရေကြည်မြို့ကို သန့်ရှင်းသာယာလှပသောမြို့အဖြစ် ဆောင်ရွက်နိုင်ရန် တိုက်တွန်းနှိုးဆော်
Dec 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် မြို့ရွာသန့်ရှင်းသာယာလှပရေးအတွက် အမှိုက်ကင်းစင်ရေး လုပ်ငန်းများကို ပြည်သူများနှင့် အတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တိုက်တွန်းနိုးဆော်ခြင်းနှင့် စစ်ဆေးဆောင် ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ပိတောက်ချောင်လမ်းဆုံတွင် ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များပေါ်တွင် အမှိုက်များ မပစ်ချစေရန်၊ ယာဉ်ပေါ်တွင်ပါလာသော ခရီးသည်များအား နှာခေါင်းစည်းများ တပ်ဆင်ကြရန် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီ အစည်းအဝေး ကျင်းပ
Dec 28,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အောက်ထပ်အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီ အစည်းအဝေး ကျင်းပခဲ့သည်။
သနပ်ပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Dec 28,2021
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းအိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးအနေဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက လူစည်ကားရာ နေရာများဖြစ်သော မြို့အဝင်/အထွက်၊ ရပ်ကွက်များ၊ လမ်းဆုံ လမ်းခွများ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေးနှိုးဆော် ခဲ့ကြသည်။
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို ကျောင်းသား/သူ များအား အသိပညာပေး ဟောပြောပွဲ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်
Dec 28,2021
ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး နယ်လှည့် ဟောပြောပွဲကို ယမန်နေ့ နေ့လည်(၁)နာရီ အချိန်ခန့်က ကာလိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကမ္ဘာတည်သရွေ့ခိုင်မြဲဖို့ လွတ်လပ်ရေးကို ထိန်းသိမ်းစို့ Talk Show ပြုလုပ်
Dec 28,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖြူးမြို့နယ် စာရေးဆရာ အသင်းတို့ ပူးပေါင်း၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကမ္ဘာတည်သရွေ့ခိုင်မြဲဖို့ လွတ်လပ်ရေးကိုထိန်းသိမ်းစို့ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ဖြူးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၁) အစည်းအဝေး ဝန်ကြီးချုပ်တက်ရောက်
Dec 27,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၁) အစည်းအဝေးအား ကျင်းပပြုလုပ် ခဲ့သည်။