(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို ကျောင်းသား/သူ များအား အသိပညာပေး ဟောပြောပွဲ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်

ကာလိ   ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို  အသိပညာပေး နယ်လှည့် ဟောပြောပွဲကို ယမန်နေ့ နေ့လည်(၁)နာရီ အချိန်ခန့်က  ကာလိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နန်းဆေးက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်း အကျဉ်းကို ရှင်းလင်းပြောကြားပြီး အသိပညာပေးခြင်း လုပ်ငန်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ် တွင် ပါဝင်သည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဆောင်ရွက်ချက်မှတ်တမ်း ဓာတ်ပုံများနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးနံရံကပ်စာစောင်များ၊ ကျောင်းသား/ သူများ သိသင့်သိထိုက်သော အသိပညာပေး နံရံကပ်စာစောင် များကို ဆောင်ရွက်ပြသပေးခဲ့သည်။

ဆက်လက်၍ နယ်လှည့်ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျောင်းသား/ သူများမှ အသိပညာဗဟုသုတ တိုးပွားစေရန်၊ စာဖတ်သည့်အလေ့အထများ ရရှိစေရန် ရည်ရွယ်၍   သုတ၊ ရသ စာအုပ်များကိုလည်း ကျောင်းသား/သူများအား Mobile Library စနစ်ဖြင့် ငှားရမ်းပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဝင်းကျော်