သနပ်ပင် ဒီဇင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းအိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးအနေဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက လူစည်ကားရာ နေရာများဖြစ်သော မြို့အဝင်/အထွက်၊ ရပ်ကွက်များ၊ လမ်းဆုံ လမ်းခွများ၌ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေးနှိုးဆော် ခဲ့ကြသည်။
ထို့သို့ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကူးစက်မြန် ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော လမ်းညွှန်ချက်များအား လိုက်နာရန်၊ ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိတို့၏ နေအိမ်များတွင် နေထိုင်ရန်၊ အိမ်ပြင်ပသို့ ထွက်ပါက ပါးစပ်နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ရန်၊ တစ်အိမ်နှင့်တစ်အိမ် သွားရောက်ပြီး စုဖွဲ့၍စကားပြောခြင်းများ ရှောင်ကြဉ်ရန်၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး((၆)ပေကွာ၍ နေထိုင်ရန်၊ လက်ကို စက္ကန့်(၂၀)ကြာအောင် စနစ်တကျ ဆေးပါစသည့်အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်းသိရသည်။
လှမိုး