သတင်းများ

အလုံမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲများကျင်းပ
Dec 28,2021
ကျောင်းသားလူငယ်များ လွတ်လပ်ရေးဆိုင်ရာ ဗဟုသုတများကို သိရှိနားလည်စေရန်၊ ဉာဏ်ပညာစွမ်းရည်၊ အနုပညာစွမ်းရည်များ တိုးတက်လာစေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ကျောင်းသား၊ လူငယ်များဖြစ်လာစေရန်အတွက် ရည်ရွယ်ကာ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ယမန်​နေ့နံနက် (၉း၀၀) နာရီအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 28,2021
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်းရှိ အသက် (၁၈) နှစ်နှင့်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများနှင့် (ဒုတိယအကြိမ်) ထိုးနှံရန်ကျန်ရှိသူများ အား ကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန် (Omicron) ရောဂါပိုးကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ( Mask Campaign) ပြုလုပ်ဆောင်ရွက်
Dec 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ပြည်သူများ နေအိမ်ပြင်ပထွက်တိုင်း (Mask) မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေး (Mask Camapaign)ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန့်မှုဖြင့် ပြည်သူများ ရောဂါကူးစက်မှု မခံရစေရေး စဉ်ဆက်မပြက်
ကျိုက်ဒုံမြို့၌ မြန်မာဘာသာ၊ပိုးကရင်ဘာသာဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန်(omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Dec 28,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်ကျိုက်ဒုံမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီက ကျိုက်ဒုံမြို့ အမှတ် (၃) ရပ်ကွက်၌ ဒေသနေ ပြည်သူများအား မြန်မာဘာသာ၊ ပိုးကရင်ဘာသာဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲအိုမီခရွန်(omicron) ရောဂါ ပိုးများကို သတိပြုကာ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
ဘားအံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူသိရှိလိုက်နာရမည့် အချက်များနှင့် ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ရောဂါအကြောင်း အသိပညာပေးနှိုးဆော်
Dec 28,2021
ကရင်ပြည်နယ် ၊ ဘားအံမြို့နယ်တွင် ကိုဗစ်၁၉ရောဂါနှင့် မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  အများပြည်သူသိရှိလိုက်နာရမည့် အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအတွင်း အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက် ထားရှိမှုနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Dec 28,2021
မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းဆောင်ရွက် ထားရှိမှုနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Dec 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျပန်းစကား ပြောပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီက ဟင်္သာတမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းရှိ အမျိုးသားခန်း မ၌ ကျင်းပခဲ့သည်။
ချမ်းအေးသာစံမြို့နယ်တွင် ( ၇၄ ) နှစ်မြောက်  လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပုံပြောပြိုင်ပွဲ ကျင်းပ
Dec 28,2021
(၇၄) နှစ်မြောက်  လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပုံပြောပြိုင်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် ကျင်းပသည်။